အငှားယာဉ်ဝန်ဆောင်မှု Oway Ride က နှစ်ကုန်တွင် ကားစီးရေ ၅,ဝဝဝ ကျော်ရန် ရည်မှန်းထား

အငှားယာဉ်ဝန်ဆောင်မှု Oway Ride က နှစ်ကုန်တွင် ကားစီးရေ ၅,ဝဝဝ ကျော်ရန် ရည်မှန်းထား

မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် အငှားယာဉ်ခေါ်နိုင်မည့် Oway Ride ဝန်ဆောင်မှုကို ပြီးခဲ့
သည့်ရက်သတ္တပတ်အတွင်း စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ မိုဘိုင်းအက်ပလီကေးရှင်းတွင် မှတ်ပုံ
တင်ထားသည့် ယာဉ်မောင်းနှင့်ကားအစီးရေ ၁,ဝဝဝ ကျော်ရှိနေပြီး နှစ်ကုန်ပိုင်းတွင် ကားစီးရေ
၅,ဝဝဝ ကျော်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

တိုးချဲ့မည့်အငှားယာဉ်အရေအတွက်မှာ ရန်ကုန်မြို့တွင်းဝန်ဆောင်မှုအတွက် ကားအစီးရေ ၄,ဝဝဝ
နှင့် မန္တလေးမြို့ အတွက် ကားအစီးရေ ၁,ဝဝဝ သတ်မှတ်ထားပြီး ယာဉ်မောင်းအရေအတွက် တိုး
တက်လာရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု Oway Ride ဒါရိုက်တာဦးကျော်မင်းဆွေက ပြော
သည်။

''တိုးပွားလာတဲ့ခရီးသည်တောင်းဆိုမှုအပေါ် ဝန်ဆောင်မှုပေးဖို့ ဝန်ဆောင်မှုကိုသာ အဓိကထားပြီး
ယဉ်ကျေးပျူငှာတဲ့ အမောင်းဝန်ထမ်းတွေကို Oway Ride က ကြိုဆိုပါတယ်။ Oway Ride အက်
ပလီကေးရှင်းက ခရီးသွားတွေအတွက် ကောင်းမွန်သလို ယာဉ်မောင်းတွေအတွက်လည်း အကျိုး
ရှိပါတယ်'' ဟု ဦးကျော်မင်းဆွေက ပြောသည်။

ရန်ကုန်မြို့တွင်း အငှားယာဉ်ငှားရမ်းလိုသူများသည် Oway Ride အက်ပလီကေးရှင်းကိုရယူကာ
မိမိတည်နေရာနှင့် သွားလိုသောနေရာကို အကြမ်းဖျင်းအချက်အလက်ပေးပို့ပြီး အနီးဆုံးနေရာရှိ အငှားယာဉ်ကို ခေါ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါအက်ပလီကေးရှင်းကို Android နှင့် iOS နှစ်မျိုး
လုံးတွင် ရရှိနိုင်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်