အဆင့်မြှင့်ထားသည့် Huawei GR 5 2017 စမတ်ဖုန်း စျေးကွက်သို့ ဝင်ရောက်လာမည်

အဆင့်မြှင့်ထားသည့် Huawei GR 5 2017 စမတ်ဖုန်း စျေးကွက်သို့ ဝင်ရောက်လာမည်

တရုတ်နိုင်ငံအခြေစိုက်ဟွာဝေး (Huawei) နည်းပညာကုမ္ပဏီက အဆင့်မြှင့်တင်ထားသည့်
Huawei GR 5 2017 စမတ်ဖုန်းသည် မတ် ၁ဝ ရက်တွင် ပြည်တွင်းစျေးကွက်သို့ဝင်ရောက်လာ
မည်ဖြစ်ကြောင်း ဟွာဝေးကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါထုတ်ကုန်အသစ်တွင် Huawei ၏ အဆင့်မြင့်ကင်မရာနှစ်လုံး ဆက်လက်ပါဝင်နေဦးမည်
ဖြစ်ပြီး ယခင် RAM 3GB အစား RAM 4GB ကို ထပ်တိုးအသုံးပြုထားသည့်အပြင် Internal
Memory 32GB အစား 64GB ကို အဆင့်မြှင့်ထားသည်။

အဆိုပါဖုန်းတွင်ပါဝင်သည့် အခြားaသာစွမ်းရည်များသည် ယခင်ဗားရှင်းအဟောင်းတွင် ပါဝင်
aသာ စွမ်းဆောင်ရည်များသာဖြစ်သည်။ ယင်းစမတ်ဖုန်းကို ရွှေရောင်၊ ငွေရောင်နှင့် မီးခိုးရောင်
ဟူ၍ထုတ်လုပ်ထားပြီး စျေးကွက်တွင် ကျပ် ၃၉၉,ဝဝဝ ဖြင့် ရောင်းချပေးမည်ဖြစ်သည်။

ဟွာဝေးသည် Huawei GR 5 2017 စမတ်ဖုန်းကို ၂ဝ၁၆ ဒီဇင်ဘာတွင် စတင်မိတ်ဆက်ခဲ့ပြီး စျေး
ကွက်တွင် ၃ဝ၉,ဝဝဝ ကျပ်ဖြင့်ရောင်းချခဲ့ရာ မတ် ၁ဝ ရက်တွင် အဆင့်မြှင့်တင်ထားသည့်
Huawei GR 5 2017  စမတ်ဖုန်းစျေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်