တယ်လီနောနှင့် myMe ပူးပေါင်း၍ ကျောင်းပြင်ပ ပညာသင်ကြားရေးအစီအစဉ် ဆက်လက်တိုးချဲ့မည်

တယ်လီနောနှင့် myMe ပူးပေါင်း၍ ကျောင်းပြင်ပ ပညာသင်ကြားရေးအစီအစဉ် ဆက်လက်တိုးချဲ့မည်

၂ဝ၁၇ ခုနှစ်တွင် ကျောင်းပြင်ပ ပညာသင်ကြားရေးအစီအစဉ်များ တိုးချဲ့ဆောင်ရွက်နိုင်ရန် တယ်
လီနောမြန်မာနှင့် မြန်မာရွေ့လျား ပညာသင်ကြားရေးစီမံကိန်း (myMe) တို့ သဘောတူညီချက်
တစ်ရပ်ကို ဖေဖော်ဝါရီ ၂၇ ရက်က တယ်လီနောမြန်မာရုံးချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

တယ်လီနောမြန်မာနှင့် myMe တို့ပူးပေါင်းပြီး ကျောင်းပြင်ပ ပညာသင်ကြားရေးအစီအစဉ်ကို
၂ဝ၁၄ ခုနှစ်စတင်ကာ ဆောင်ရွက်ခဲ့ပြီး ယင်းအစီအစဉ်ကို ၂ဝ၁၇ ခုနှစ်တွင် တိုးချဲ့လုပ်ဆောင်ရန်
သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

အဆိုပါသဘောတူညီမှုသည် တစ်နှစ်သက်တမ်းဖြစ်ပြီး သဘောတူညီချက်အရ ရန်ကုန်နှင့်မန္တလေး
မြို့များရှိ တယ်လီနောအမှတ်တံဆိပ်ရှိ လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်ကိုင်နေသော
အသက် ၁၄ နှစ် နှင့် ၁၆ နှစ်ကြားရှိ ကလေးငယ်များအပြင် အနီးပတ်ဝန်းကျင်ရှိ သတ်မှတ်ထား
သော အသက်နှင့်ကိုက်ညီသည့် ကလေးများပါ ကျောင်းပြင်ပ ပညာသင်ကြားရေးအစီအစဉ်ဖြင့်
ပညာသင်ကြားပေးမည်ဖြစ်သည်။

''ကျောင်းပညာ မသင်ကြားရတဲ့ ကလေးငယ်တွေနဲ့ အလုပ်လုပ်ကိုင်နေရတဲ့ ကလေးငယ်တွေ
အတွက် ကျွမ်းကျင်လုပ်ငန်းဆိုင်ရာ ပညာသင်ကြားမှုတွေနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်း
ကျင်မှုတွေကို သင်ကြားပေးတယ်ဆိုတာ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဒီလိုသမိုင်းဝင်အကူး
အပြောင်းကာလမှာ လူတိုင်းဆောင်ရွက်နိုင်တဲ့ အရေးအပါဆုံးနဲ့ လက်တွေ့အကျဆုံးကူညီဖေးမမှု
တွေဖြစ်ပါတယ်။ တယ်လီနောက ရည်ရွယ်ချက်ကောင်းကောင်းနဲ့ သုံးနှစ်တာကာလတစ်ခုလုံးကို ကူညီထောက်ပ့ံမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်''ဟု myMe တည်ထောင်သူ Tim Aye Harday
က ပြောသည်။

တယ်လီနောသည် myMe ဝန်ထမ်းများအားလုံး၏ လစာများကို ကူညီထောက်ပံ့ထားပြီး ရွေ့လျား
စာသင်ခန်းအဖြစ်အသုံးပြုရန် ဘတ်စ်ကားတစ်စီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ
များကို အကြိုအပို့ဆောင်ရွက်ပေးနိုင်ရန် မော်တော်ယာဉ်များ၊ ကွန်ပျူတာများနှင့် အခြားကျောင်းသုံး
ပစ္စည်းများကိုလည်း ကူညီထောက်ပံ့ပေးထားသည်။

အဆိုပါရွေ့လျားပညာရေးစီမံကိန်းစနစ်ဖြင့် ပညာသင်ကြားပေးနေသော လူငယ်အရေအတွက်
၁,၅ဝဝ ကျော်ရှိနေပြီး ယခုနှစ်တွင် ရန်ကုန်၊ မန္တလေး၌ သင်ကြားပေးမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်