ပြည်တွင်း၌ ဆက်သွယ်ရေးဝန်ဆောင်မှုပေးလျက်ရှိသည့် မိုဘိုင်းအော်ပရေတာများ၏ ဖုန်းဘေလ်
ဖြတ်တောက်မှုကို မိုဘိုင်းဖုန်းအသုံးပြုသူများက သံသယရှိနေသော်လည်း မိုဘိုင်းဖုန်းအသုံးပြုရာ
တွင် သတိပြုဆင်ခြင်ရမည့် အချက်များရှိသည်ဟု ဆက်သွယ်ရေး အော်ပရေတာများက ပြောကြား
သည်။
ဆက်သွယ်ရေး အော်ပရေတာများ၏ သံသယဖြစ်ဖွယ်ဖုန်းဘေလ်ဖြတ်တောက်မှုတွင် ပုံမှန်မိုဘိုင်း
ဒေတာအသုံးပြုမှုအပြင် အင်တာနက်ဒေတာ အစီအစဉ်များလည်းပါဝင်သည်ဟု ဆိုသည်။ မိုဘိုင်း
ဖုန်းမှတစ်ဆင့် အင်တာနက်အစီအစဉ်များ ဝယ်ယူအသုံးပြုရာတွင် ဝယ်ယူထားသည့်အစီအစဉ်
မကုန်မီ ဖုန်းဘေလ်ဖြတ်တောက်မှုများရှိသည်ဟု မိုဘိုင်းဖုန်း အသုံးပြုသူတစ်ဦးဖြစ်သူ ကိုအောင်
မင်းသိန်းက ပြောသည်။
ဒေတာအသုံးပြုစဉ် ဖုန်းဘေလ်ဖြတ်တောက်မှု အဆမတန်ဖြစ်ခြင်းကို ကာကွယ်နိုင်ရန် သုံးစွဲသူ
များက Background ဒေတာများကိုပိတ်ခြင်းနှင့် Setting များကို သေချာစွာချိန်ထားသင့်သည်ဟု
အူရီဒူးမြန်မာ၏ Customer Experience အရာရှိချုပ် မစ္စတာဖိလစ်ဂျိုးဇက်က ပြောသည်။
''မက်ဆေ့ချ်ပေးပို့လို့ရတဲ့ အက်ပလီကေးရှင်းတွေ အသုံးပြုပြီး ဓာတ်ပုံတွေ ဒါမှမဟုတ် ဗီဒီယိုတွေ
ကိုပေးပို့၊ လက်ခံတဲ့အချိန်မှာ အဲဒီအက်ပလီကေးရှင်းကနေ ထွက်တော့မယ်။ ဒါမှမဟုတ် ထွက်
လိုက်ပြီဆိုရင်တောင် ဒေတာအသုံးပြုမှုက ဆက်ပြီးသွားနေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒေတာ
ဘယ်လိုကုန်သွားလဲဆိုပြီး အံ့အားသင့်စရာ ဖြစ်နေမှာပါ။ နောက်ပြီး Video streaming တွေ၊
သီချင်းတွေဟာလည်း အချိန်တိုအတွင်းမှာ ဒေတာပမာဏများများကို ကုန်ကျနိုင်ပါတယ်'' ဟု ၄င်း
က ပြောသည်။
ဖုန်းဘေလ် အဆမတန်ဖြတ်တောက်မှုမဖြစ်စေရန် သုံးစွဲသူများသည် မိမိယူထားသည့်ဒေတာ
Package အမျိုးအစားများနှင့် ထပ်ဆောင်းဝန်ဆောင်မှုများကို နားလည်ရန်လိုအပ်ကြောင်း မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်း(အမ်ပီတီ) ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်မြင့်က ပြောသည်။
''ပုံမှန်ဝန်ဆောင်မှုတွေအပြင် ထပ်ဆောင်းဝန်ဆောင်မှုတွေကို နားလည်သိရှိထားဖို့လိုအပ်ပြီး
အင်တာနက်ကို ဘယ်လောက်အထိ သုံးလိုက်တယ်ဆိုတာကိုလည်း သိဖို့လိုအပ်ပါတယ်။ ကိုယ်
အသုံးမပြုတဲ့ဝန်ဆောင်မှုတွေရှိနေရင်လည်း Unsubscribe ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှ ဘယ်
plan က ဘယ်အတိုင်းအတာအထိ အသုံးပြုလို့ရမယ်၊ ဘယ်လိုအနေအထားမှာ မူရင်းဘေလ်
ကနေ ဖြတ်တောက်တယ်ဆိုတာကို သိနိုင်မှာဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။
မိုဘိုင်းဖုန်းအသုံးပြုရာတွင် You Tube ဗီဒီယိုများသည့် ဗီဒီယိုအရည်အသွေးပေါ် မူတည်ကာ
ဒေတာကုန်ကျမှုပြောင်းလဲနိုင်ခြင်းကို သိရှိရန်လိုအပ်ကြောင်း တယ်လီနောမြန်မာ၏ Corporate
Communications အရာရှိ ဦးအဲလက်စ်ညီညီက ပြောသည်။
''ဖုန်းတော်တော်များများမှာ YouTube အတွက် အရည်အသွေးကို Auto ရွေးချယ်ပေးထားတတ်
ပါတယ်။ ဒါကို ပြောင်းမထားဘူးဆိုရင် မိုဘိုင်းကွန်ရက် အရည်အသွေးကောင်းတဲ့နေရာမှာဆိုရင်၊
မိမိဖုန်းက အရည်အသွေးကလည်း ကောင်းတာဆိုရင် ဗီဒီယိုအရည်အသွေးက HD လိုမျိုး ကြည့်
ကောင်းတဲ့အရည်အသွေးကို အလိုအလျောက် ပြောင်းပေးသွားတာကြောင့် ဒေတာပိုကုန်တယ်
ဆိုတာကို သိဖို့လိုပါတယ်''ဟု ဦးအဲလက်စ်ညီညီက ပြောသည်။
ဖုန်းဘေလ် အဆမတန် ဖြတ်တောက်သည်ဟု ခံစားရပါကလည်း ဆက်သွယ်မေးမြန်းနိုင်မည့်
နည်းလမ်းများကို ဆောင်ရွက်ထားပေးပြီးဖြစ်သည်ဟု ဆက်သွယ်ရေးအော်ပရေတာများက ပြော
သည်။ အမ်ပီတီ ၏ ဖုန်းဘေလ်ဖြတ်တောက်မှုကို သံသယရှိပါက MPT Call Center နံပါတ် ၁ဝ၆
သို့ခေါ်ဆိုမေးမြန်နိုင်ပြီး တယ်လီနောကိုမေးမြန်လိုပါက ၄င်း၏ Fackbook စာမျက်နှာ၊ အရောင်းပြ
ခန်းများနှင့် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။ အူရီဒူး၏
ဖုန်းဘေလ်ဖြတ်တောက်မှုကို သံသယရှိပါက ကောလ်စင်တာနံပါတ် ၂၃၄ ကို ခေါ်ဆိုကာ မေးမြန်း
နိုင်မည် ဖြစ်သည်။

















