ဆက်သွယ်ရေးတာဝါတိုင်များတွင် လျှပ်စစ်စွမ်းအင် ရရှိရန် နေစွမ်းအင်ကို တယ်လီနော အသုံးပြုနေ

ဆက်သွယ်ရေးတာဝါတိုင်များတွင် လျှပ်စစ်စွမ်းအင် ရရှိရန် နေစွမ်းအင်ကို တယ်လီနော အသုံးပြုနေ

တယ်လီနောမြန်မာသည် ပြည်တွင်း၌ တာဝါတိုင်ပေါင်း ရ,၄ဝဝ မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု
ပေးနေပြီး လျှပ်စစ်မီး မသွယ်တန်းနိုင်သေးသည့်တာဝါတိုင်များတွင် နေရောင်ခြည်စွမ်းအင်ကို
အသုံးပြုလျက် လုပ်ငန်းလည်ပတ်လျက်ရှိသည်ဟု ဖေဖော်ဝါရီလကုန်ပိုင်းက ပြုလုပ်ခဲ့သည့်
တယ်လီနောမြန်မာ၏ စတုတ္တအကြိမ်မြောက် Sustainability ဆောင်ရွက်ချက်များဆိုင်ရာ
ရှင်းလင်းပွဲတွင် အမှုဆောင်အရာရှိချုပ် မစ္စတာ Lars Erik Tellmann က ပြောသည်။

ယခုနှစ်တွင် တာဝါတိုင်ပေါင်း ၅ဝဝ ခန့်ကို နေရောင်ခြည်စွမ်းအင်ဖြင့် လုပ်ငန်းလည်ပတ်နိုင်ရန်
ရည်မှန်းထားပြီး တယ်လီနောသည် လေစွမ်းအင်နှင့်နေရာင်ခြည်စွမ်းအင်ကို အသုံးပြုကာ
လည်ပတ်သည့် တာဝါတိုင်တစ်ခုကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးစမ်းသပ်ဆောင်ရွက်ထားကြောင်း
မစ္စတာ Lars Erik Tellmann ကပြောသည်။

''ကျွန်တော်တို့လက်ရှိမှာ ပတ်ဝန်းကျင်နဲ့ ပြဿ     နာတက်လို့ တာဝါတိုင် ၂ဝ ကို ရပ်တန့်လိုက်ရပါတယ်။
ဒါကြောင့် တာဝါတိုင်တွေ လုပ်ငန်းလည်ပတ်တဲ့အခါမှာ ဆူညံသံတွေ ကင်ဝေးအောင်လုပ်မယ်။
အခုလည်း Super Silent Diesel Generator ကို အသုံးပြုနေပါပြီ။ လေနဲ့ ဆိုလာကို အသုံးပြုပြီး
လျှပ်စစ်ရအောင်ကြိုးစားနေပါတယ်။ နေစွမ်းအင်ကို လုံးဝအသုံးပြုပြီး လျှပ်စစ်ရအောင်လုပ်မယ်'' ဟု
မစ္စတာ Lars Erik Tellmann က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်