ပြည်တွင်းရုပ်ရှင်ကားတွေပါကြည့်ရှုနိုင်မည့် iflix အွန်လိုင်းဗီဒီယို ဝန်ဆောင်မှုအသစ်

ပြည်တွင်းရုပ်ရှင်ကားတွေပါကြည့်ရှုနိုင်မည့် iflix အွန်လိုင်းဗီဒီယို ဝန်ဆောင်မှုအသစ်

စမတ်ဖုန်းများနှင့် အင်တာနက်အလွယ်တကူအသုံးပြုနိုင်သည့်ကာလကို ရောက်ရှိလာပြီးနောက်
ဆိုရှယ်နက်ဝပ်အပါအဝင် အင်တာနက်စာမျက်နှာများပေါ်တွင် တရားမဝင် iflix တင်ထားသည့်
ဗီဒီယိုများကို အသုံးပြုကြည့်ရှုမှု များပြားလာခဲ့သည်။

ယခုအခါ မလေးရှားအခြေစိုက် အွန်လိုင်းဗီဒီယိုဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော iflix မှ မြန်မာ
နိုင်ငံသို့ သူ၏ဝန်ဆောင်မှုကို တိုးချဲ့ထုတ်လွှင့်တော့မည်ဖြစ်သည်။ အသုံးပြုလိုသူများအနေဖြင့် iflix
Myanmar ၏ တရားဝင် facebook စာမျက်နှာသို့ သွားရောက်လေ့လာနိုင်မည်ဖြစ်သည်။

စတင်အသုံးပြုသူများအနေဖြင့် ရက် ၃ဝ ကြာ အခမဲ့သုံးစွဲခွင့်ရရှိမည်ဖြစ်ကာ တရားဝင်ဝယ်ယူထား
သောဗီဒီယိုများ၊ ရုပ်သံဇာတ်လမ်းတွဲများကို အားပေးနိုင်မည်။ ထို့ပြင်နာမည်ကြီး ပြည်တွင်းရုပ်ရှင်
ကားများကိုပါ ဝယ်ယူပြသသွားမည်ဟု သိရပါသည်။

အန်းဒရွိုက်နှင့် အက်ပဲလ်စက်များတွင် iflix app ကိုဒေါင်းလုပ်ဆွဲယူကာ အသုံးပြုနိုင်သည်။ ဝန်
ဆောင်မှုကို စတင်နေပြီဖြစ်သော်လည်း တရားဝင်မိတ်ဆက်ပွဲကို ယခုအပတ်ကြာသပတေးနေ့
တွင်ပြုလုပ်သွားမည်ဖြစ်သည်။

အွန်လိုင်းဗီဒီယိုဝန်ဆောင်မှုဖြစ်သော်လည်း ကြည့်ရှုလိုသောရုပ်ရှင်ကားများကို ဆွဲယူထားပြီး
offline ပြန်လည်ကြည့်ရှုနိုင်သော feature လည်းပါဝင်သည်။ resolution ရုပ်ထွက်ပမာဏကို
ပုံမှန် 720p အကြည်ဖြင့်ကြည့်ရှုနိုင်သလို မိမိစက်နှင့်ဒေတာကိုလိုက်ပြီး setting ချိန်ညှိနိုင်မည်
ဖြစ်သည်။

အကောင့်တစ်ခုကို မတူညီသော စက်ပစ္စည်းငါးမျိုးထိ ထည့်သွင်းအသုံးပြုနိုင်သလို စက်နှစ်ခုမှ
မတူညီသောရုပ်ရှင်နှစ်ကားကိုလည်း တစ်ပြိုင်နက်ကြည့်ရှုနိုင်မည်။ ကြည့်ရှုနိုင်မည့်ဇာတ်ကားများ
နှင့်လိုအပ်သောအချက်အလက်များကို www.iflix.com <http://www.iflix.com> ၌ ဝင်ရောက်
လေ့လာနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်