Free to Play
အမျိုးအစား Action, Runner
ထုတ်လုပ်သူ Warner Bros.
ပလက်ဖောင်း Android, iOS
မိုဘိုင်းဂိမ်းစျေးကွက်ဟာ ပိုက်ဆံပိုဖြုန်းတဲ့လူငယ်နဲ့လူကြီးပိုင်းကိုဆွဲဆောင်နိုင်ဖို့ တဖြည်းဖြည်းချင်း
ပိုကြိုးစားလာရင်းနဲ့ ကလေးငယ်တွေအတွက် မသင့်တော်တဲ့အချက်အလက်တွေ မိုဘိုင်းဂိမ်းတွေ
ထဲမှာပါလာလေ့ရှိပါတယ်။
မတ် ၃ ရက်ကမှထွက်ရှိလာတဲ့ JL Action Run ဂိမ်းကတော့ အသက်အရွယ်မရွေး ကြိုက်နှစ်သက်
တဲ့ Superman, Batman အစရှိ ဒီစီရုပ်ပြစူပါဟီးရိုးတွေကိုအခြေခံထားပြီး ကလေးငယ်တွေ
အတွက်ရည်ရွယ်ထုတ်လုပ်တဲ့ဂိမ်းပါ။
ဒီစီရုပ်ပြ (DC Comics) ရဲ့ ဒစ်ဂျစ်တယ်ထုတ်လုပ်ခွင့်တွေကို မူပိုင်ရထားတဲ့ဝါနာဘရားသားစတူ
ဒီယိုကနေပဲ ထုတ်လုပ်တာဖြစ်ပါတယ်။ ဝါနာဘရားသားဟာ ယခင်က Injustice, Mortal
Kombat X စတဲ့မိုဘိုင်းဂိမ်းတွေကိုထုတ်လုပ်ခဲ့ပြီး ကလေးတွေနဲ့မသင့်လျော်တဲ့ မြင်ကွင်းတွေပါခဲ့
ပါတယ်။ ဒါပေမဲ့ JL Action Run ကတော့ တကယ့်ကိုအရွယ်မရောက်သေးတဲ့ကလေးတွေ
အတွက်ပျော်စရာကောင်းတဲ့ဂိမ်းလေးပါ။ ဒီဂိမ်းမှာ လက်သီးထိုးတာကိုတောင် သေချာမပြထားပါဘူး။
နောက်ခံဇာတ်လမ်းကတော့ Justice League စူပါဟီးရိုးအဖွဲ့အစည်းမှ သူတို့ရဲ့ ဗီလိန်တွေကို
မကောင်းမှုတွေမလုပ်နိုင်အောင် လိုက်လံဟန့်တားရတာပါ။ ကစားလို့ရတဲ့ဇာတ်ကောင်က
Superman, Batman, Wonder Woman, Cyborg, Firestorm လောလောဆယ်ငါးယောက်
ဖြစ်ပြီး နောက်ပိုင်းမှာ အကောင်သစ်တွေတိုးလာမှာပါ။ ဗီလိန်ကတော့ နာမည်ကြီးတွေဖြစ်တဲ့
Joker, Lex Luthor, Darkseid, Lobo တို့ ပါဝင်ပါတယ်။
Gameplay ပိုင်းမှာ Runner ဂိမ်းအများစုလို Endless မဟုတ်ဘဲ သတ်မှတ်ထားတဲ့နေရာကို
ရောက်အောင်သွားရုံပါပဲ။ ကလေးတွေအတွက်ဆိုတော့ ဟီးရိုးသုံးယောက်ပါတဲ့ အဖွဲ့အနေနဲ့
လှုပ်ရှားရမှာဖြစ်ပြီးတော့ တစ်ယောက်ကျသွားရင် နောက်တစ်ယောက်နဲ့ ဆက်ပြေးလို့ရပါတယ်။
ကြယ်ပွင့်တွေဘာတွေလည်း သတ်မှတ်မပေးထားဘူး။ Boss Fight တွေလည်း ပါပါတယ်။
ကစားရတာ အင်မတန်ရိုးရှင်းတာကိုတွေ့ရမှာဖြစ်ပြီး in-app purchase ကလည်း တစ်ဒေါ်လာ၊
နှစ်ဒေါ်လာဝန်းကျင်တွေပဲဖြစ်လို့ လူကြီးကြိုက်ဂိမ်းတွေလို ပိုက်ဆံအများကြီးကုန်မှာမဟုတ်ပါဘူး။ မဝယ်လည်း ကောင်းကောင်းဆော့လို့ရပါတယ်။ ဂိမ်းဆော့ရုံမကဘဲ ကောမစ်ရုပ်ပြတွေနဲ့ဗီဒီယိုတို
လေးတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်တယ်။ ဒီစီကောမစ်ရဲ့ဇာတ်ကောင်တွေ အကြောင်းလည်းဖတ်
နိုင်တဲ့အတွက် ကလေးတွေရဲ့စာဖတ်ချင်စိတ်ကိုလည်း တွန်းအားပေးမှာပါ။
ကလေးတွေအတွက် ရည်ရွယ်တာဖြစ်တဲ့အတွက် အရွယ်ရောက်ပြီသားတွေဆော့ရင်တော့ လွယ်
ကူနေမှာပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ကလေးကို အရွယ်ရောက်ပြီးသူတွေအတွက် ထုတ်လုပ်တဲ့ဂိမ်းတွေ၊
ရုပ်ရှင်တွေထက် အခု JL Action Run လိုဂိမ်းမျိုးပေးကစားတာက မိဘတွေအတွက် ပိုပြီးစိတ်ချရ
စေနိုင်ပါတယ်။ ဒေတာပမာဏအသင့်အတင့်ကြီးမားပေမဲ့ ကလေးငယ်တွေနဲ့သင့်တော်တဲ့ မိုဘိုင်း
ဂိမ်းတစ်ခုဖြစ်ပါတယ်။

















