Cloud ဝန်ဆောင်မှုပေးမည့် ှSoftline ကုမ္ပဏီဝင်ရောက်

Cloud ဝန်ဆောင်မှုပေးမည့် ှSoftline ကုမ္ပဏီဝင်ရောက်

ကမ္ဘောဒီးယား၊ လာအို စသည့် အရှေ့တောင်အာရှနိုင်ငံများတွင် နည်းပညာဆိုင်ရာဝန်ဆောင်မှု
ပေးနေသည့် ရုရှားနိုင်ငံအခြေစိုက် Softline ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်လိုက်ပြီ
ဖြစ်သည်။

ဘဏ်လုပ်ငန်းနှင့်စီးပွားရေးလုပ်ငန်းများအတွက် Cloud နည်းပညာဝန်ဆောင်မှုပေးကာ သတင်း
အချက်အလက်စီးဆင်းမှုသွက်လက်အောင် Softline ကုမ္ပဏီက ဝန်ဆောင်မှုပေးမည်ဖြစ်သည်။

သက်တမ်း ၂၂ နှစ်ရှိပြီဖြစ်သော Softline မှာ နာမည်ကျော်နည်းပညာကုမ္ပဏီကြီး မိုက်ကရိုဆော့ဖ်
၏မိတ်ဖက်ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

''မြန်မာနိုင်ငံမှာ စျေးကွက်ကတိုးတက်လာပေမဲ့ စာရွက်စာတမ်းကိုပဲ အသုံးပြုလည်ပတ်နေတဲ့လုပ်
ငန်းတွေရှိနေပါတယ်။ မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေကို ခရီး
တွင်အောင် လုပ်ငန်းစဉ်တွေ မြန်မြန်ဆန်ဆန်ပြီးဖို့ ှSoftline က ကူညီဆောင်ရွက်သွားမှာပါ''ဟု
Softline မြန်မာနိုင်ငံဆိုင်ရာရုံး၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ အီလျာအန်ဂျီကနော့ဗ်ကပြောသည်။

ပြည်တွင်းတွင် လုပ်ငန်းငါးခုခန့်ကို လက်ရှိဝန်ဆောင်မှုပေးနေပြီဖြစ်သည့် ှSoftline ကုမ္ပဏီမှာ
နှစ်ပေါင်း ၂ဝ ကျော် သက်တမ်းရှိသော ရုရှားကုမ္ပဏီဖြစ်ကာ အမေရိက၊ အိန္ဒိယ၊ အာရှဒေသရှိ
နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် နည်းပညာဆိုင်ရာအခက်အခဲများ ဖြေရှင်းခြင်းနှင့် Cloud ဝန်ဆောင်မှုကို
ထောက်ပံ့ပေးလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်