Business Talk and Text ဝန်ဆောင်မှုကို အူရီဒူးမြန်မာ စတင်

Business Talk and Text ဝန်ဆောင်မှုကို အူရီဒူးမြန်မာ စတင်

အူရီဒူးမြန်မာသည် စီးပွားရေးလုပ်ငန်းကြီးများ၊ အသေးစားအလတ်စားလုပ်ငန်းများနှင့် အစိုးရရုံး
များအတွက် စီးပွားရေးလုပ်ငန်းသုံး Business Talk and Text ဝန်ဆောင်မှုကို မတ် ၁ဝ ရက်မှစ၍
ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။

''ဒီအစီအစဉ်ကို ရယူထားတဲ့ စီးပွားရေးလုပ်ငန်းများက လစဉ်ကြေး ကျပ် ၃,ဝဝဝ ဖြင့်အူရီဒူးအချင်း
ချင်းဖုန်းခေါ်ဆိုခြင်းနဲ SMS ပေးပို့တာတွေကို လိုသလိုအသုံးပြုနိုင်မှာပါ။ ဒါကြောင့် စီးပွားရေးလုပ်
ငန်းရှင်တွေ ဆက်သွယ်ရေးအတွက် ငွေကုန်ကြေးကျပိုမိုသက်သာမှာဖြစ်ပြီး လတစ်လစီအတွက်
ဖုန်းငွေလက်ကျန်ကုန်လို့ ဆက်သွယ်ရေးပြတ်တောက်တာမျိုးတွေ၊ အဆင်မပြေမှုတွေ စိုးရိမ်စရာ
လိုတော့မှာမဟုတ်ပါဘူး''ဟု အူရီဒူးမြန်မာ၏ စီးပွားရေးအရာရှိချုပ်၊ Mr. Anadi Agnihotri က
ပြောသည်။

ယင်းအစီအစဉ်သည် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများအတွက် မိုဘိုင်းဖုန်းနှင့်စပ်လျဉ်းသည့်
ကုန်ကျစရိတ်များကို ကြိုတင်သတ်မှတ်ထားနိုင်သည့်အပြင် စနစ်တကျထိရောက်စွာဖြင့် စီမံဆောင်
ရွက်နိုင်မည်ဖြစ်သည်။ လက်ရှိတွင် အူရီဒူးမြန်မာသည် မိုဘိုင်းဖုန်းဝန်ဆောင်မှုများအပြင် သီးသန့်
အင်တာနက်ဝန်ဆောင်မှုများနှင့် စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များပေါ်မူတည်ကာ ပေးအပ်
သောဝန်ဆောင်မှု Business Solutions စသည့်ဝန်ဆောင်မှုများကို ပေးလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်