ကိဗ်မေဂျာ Dota 2 ပြိုင်ပွဲ အရှေ့တောင်အာရှ လက်ရည်စစ်ပွဲများပြီးဆုံး

ကိဗ်မေဂျာ Dota 2 ပြိုင်ပွဲ အရှေ့တောင်အာရှ လက်ရည်စစ်ပွဲများပြီးဆုံး

ဆုငွေအမေရိကန်ဒေါ်လာသုံးသန်းချီးမြှင့်မည့် ကိဗ်မေဂျာ Dota 2 ပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲစဉ်
များကို အရှေ့တောင်အာရှဒေသအတွက် ဆော့ကစားခဲ့ရာတွင် Team Faceless က ပထမဆုံး
တက်ရောက်ခွင့်ရရှိကာ ယူကရိန်းနိုင်ငံသို့သွားရောက်ခွင့်ရသည့် ပထမဆုံးအသင်းဖြစ်လာခဲ့သည်။

အဆိုပါဒေသအဆင့် လက်ရည်စစ်ပွဲ ဝင်ခွင့်ရရှိရေးအတွက် ပြည်တွင်းက Dota  2 အသင်းအချို့
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း နောက်ဆုံး ၃၂ အသင်းအဆင့်သို့ Maven တစ်သင်းသာရောက်
ရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်တွင် အင်ဒိုအခြေစိုက်အသင်း Evos ကို ရှုံးနိမ့်ခဲ့သည်။

''Evos နဲ့သိပ်လက်မကွာဘူး။ ဟီးရိုးရွေးတဲ့နေရာမှာ အမှားအယွင်းရှိသွားလို့ပါ။ နောက်လာမယ့်
ပြိုင်ပွဲကြီးတွေကိုလည်း ဝင်ပြိုင်သွားမှာပါ''ဟု Maven အသင်းမှကစားသမား ကိုခန့်နိုင် (Leo) က
ပြောသည်။

ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ကျင်းပမည့်အဆိုပါပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းရှိ Dota 2 အသင်း ၁၆ သင်း
ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမဆုရရှိသူမှာ ဆုကြေးငွေဒေါ်လာတစ်သန်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်