ကလေးငယ်များ နည်းပညာတီထွင်ဖန်တီးမှုသင်တန်းများကို ကေအမ်ဒီတွင် တက်ရောက်သင်ကြားနိုင်

ကလေးငယ်များ နည်းပညာတီထွင်ဖန်တီးမှုသင်တန်းများကို ကေအမ်ဒီတွင် တက်ရောက်သင်ကြားနိုင်

နွေရာသီကျောင်းပိတ်ရက်တွင် ရှစ်နှစ်နှင့်အထက်ကလေးငယ်များ အချိန်တိုတိုဖြင့် တတ်ရောက်
သင်ကြားနိုင်မည့့် Robotics Engineering for Kids သင်တန်းနှင့် Facebook for Kids သင်တန်း
များကို ကေအမ်ဒီ (KMD) သင်တန်းကျောင်းများတွင် မတ်လအတွင်း ဖွင့်လှစ်မည်ဖြစ်သည်။

အဆိုပါ Robotics Engineering for Kids သင်တန်းတွင် စက်ရုပ်တစ်ရုပ်ကို လက်တွေ့ ဖြုတ်တပ်
ခြင်းများပြုလုပ်ရမည့်အပြင် စက်ရုပ်ကိုထိန်းချုပ်ရန် လိုအပ်သောဆော့ဖ်ဝဲများကိုလည်း သင်ကြား
ရမည်ဖြစ်ရာ သင်ကြားမှုအထောက်အကူပစ္စည်းအဖြစ် ကလေးတစ်ဦးလျှင် စက်ရုပ်နှင့် Notebook
တစ်စုံစီဖြင့် သင်ကြားရမည်ဖြစ်သည်။

အဖွဲ့လိုက် (Teamwork) ဆောင်ရွက်တတ်စေရန် ပရောဂျက်များထည့်သွင်းသင်ကြားပေးမည်ဖြစ်
သည်။ ထိုနည်းတူ Facebook for Kids သင်တန်းတွင် ဖေ့စ်ဘွတ်ခ်အက်ပလီကေးရှင်းများကို
စတင်အသုံးပြုမည့် ကလေးများသည် အသုံးပြု ရာတွင် ဘေးဥပဒ်မဖြစ်စေဘဲ အကျိုးရှိရှိ အသုံးချ
နိုင်ရန်နှင့် လုံခြံုမှုရှိစေရန် ဖေ့စ်ဘွတ်ခ်အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ Do and Don't
များကို လက်တွေ့ကျကျ သင်ကြားပေးမည်ဖြစ်သည်။

အဆိုပါ Facebook for Kids သင်တန်းအတွက် သင်ခန်းစာများကို ဖေ့စ်ဘွတ်ခ်၏ စည်းမျဉ်းစည်း
ကမ်းများနှင့် Help Tips များ စသည်တို့ကိုသင်ကြားပေးမည်ဖြစ်သည်။ သင်တန်းတစ်ခုချင်း
အတွက် သင်တန်းကာလသည်ငါးရက်ဖြစ်ပြီး သင်ကြားချိန် ၃ နာရီ ကြာမည်ဖြစ်သည်။ Robotics
Engineering for Kids ကို မတ် ၂ဝ ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ်
၆၅,ဝဝဝ ဖြစ်ရာ Facebook for Kids သင်တန်းကိုမူ မတ် ၁၆ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး
သင်တန်းကြေး ကျပ် ၂ဝ,ဝဝဝ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်