စွမ်းဆောင်ရည်မြင့် 6GB RAM ထည့်ထားသည့် Samsung Galaxy C9 Pro စမတ်ဖုန်း မိတ်ဆက်

စွမ်းဆောင်ရည်မြင့် 6GB RAM ထည့်ထားသည့် Samsung Galaxy C9 Pro စမတ်ဖုန်း မိတ်ဆက်

တောင်ကိုရီးယားအခြေစိုက် Samsung ကုမ္ပဏီက အသစ်ထပ်မံထုတ်လုပ်လိုက်သည့် 6GB RAM
ထည့်သွင်းထားသော Samsung Galaxy C9 Pro စမတ်ဖုန်းကို မြန်မာနိုင်ငံစျေးကွက်အတွက်
မတ် ၉ ရက်က မိတ်ဆက်ခဲ့သည်။

အဆိုပါဖုန်း၏ မျက်နှာပြင်အရွယ်အစားမှာ ခြောက်လက်မရှိပြီး ကြည်လင်ပြတ်သားသော FHD
sAMOLED မျက်နှာပြင်ကိုအသုံးပြုထားကာ multi-tasking အသုံးပြုမှုအတွေ့အကြံုကို ပေးစွမ်းနိုင်
သည့် 6GB  RAM ကိုထည့်သွင်းပေးထားသည်။

အချက်အလက် (ဒေတာ) သိုလှောင်ရန် (Internal memory) 64 GB ပါဝင်ပြီး 256 GB အထိ
ထပ်တိုးအသုံးပြုနိုင်မည်ဖြစ်ကာ 64 bit Octa Core Processor ကို ထည့်သွင်းပေးထားသည့်
အတွက် ဖျော်ဖြေရေးဆိုင်ရာလုပ်ဆောင်ချက်များ၊ ဂိမ်းများနှင့် အက်ပလီကေးရှင်းများကို အဆင်
ပြေစွာအသုံးပြု နိုင်မည်ဖြစ်သည်။

ယင်း Galaxy C9 Pro သည် အလင်းရောင်အားနည်းသည့်အခြေအနေတွင် ကြည်လင်ပြတ်သား
သည့်ဓာတ်ပုံများရယူနိုင်ရန် စွမ်းဆောင်ပေးနိုင်သည့် ကျယ်ဝန်းသော F1.9  aperture ပါဝင်ကာ
ရှေ့နှင့်နောက်ကင်မရာကို 16MP အရည်အသွေးရှိကင်မရာကို ထည့်သွင်းအသုံးပြုထားပြီး Dual
LED Flash ကိုထည့်သွင်းဖန်တီးပေးထားသည်။

ကြာရှည်ခံသည့် 4000mAh ဘက်ထရီထည့်သွင်းထားသည့်အတွက် ဂိမ်းကစားသူများနှင့် ဖျော်
ဖြေရေးဆိုင်ရာ လုပ်ဆောင်သူများအတွက် အဆင်ပြေမည်ဖြစ်သည်။ ဒေတာများကိုလည်း ပိုမို
လျင်မြန်စွာကူးပြောင်းနိုင်သည့် USB Type-C စနစ်ကိုလည်း ပံ့ပိုးပေးထားသည်။ Android M(6.0)
ဖြစ်ပြီး ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်သည်။

ဖုန်း၏ကိုယ်ထည်ကို သတ္တုကိုယ်ထည်ပြည့်ဒီဇိုင်းဖြင့်ဖန်တီးထားပြီး ဖုန်း၏ အလေးချိန်သည် ၁၈၈
ဂရမ်ရှိသည်။ အဆိုပါ Galaxy C9 Pro စမတ်ဖုန်းကို အနက်ရောင်၊ ရွှေရောင်၊ ပန်းနုရောင် ဟူ၍ အ
ရာင်သုံးမျိုးဖြင့် ထုတ်လုပ်ထားပြီး စျေးကွက်တွင် ကျပ် ရ၁၄,ဝဝဝ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်