နယ်မြို့များတွင် အွန်လိုင်းအရောင်းအဝယ် ၂ဝ ရာခိုင်နှုန်း တိုးတက်လာ

နယ်မြို့များတွင် အွန်လိုင်းအရောင်းအဝယ် ၂ဝ ရာခိုင်နှုန်း တိုးတက်လာ

ပြည်တွင်းကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Ads.com.mm ၏စစ်တမ်းအရ နယ်မြို့များတွင်
အွန်လိုင်းအရောင်းအဝယ်ပြုလုပ်မှု ၂ဝ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း အဆိုပါဝက်ဘ်
ဆိုက်၏ ဆက်သွယ်ရေးနှင့်လူမှုဆက်ဆံရေးအရာရှိချုပ် ဒေါ်သီတာဝိုင်းက ပြောသည်။

ပြီးခဲ့သော ၂ဝ၁၅ နှစ်လယ်ပိုင်းမှစ၍ ၂ဝ၁၆ နှစ်လယ်ပိုင်းအထိ နယ်မြို့များမှ အွန်လိုင်းတွင်
အရောင်းအဝယ်ပြုလုပ်သူအရေအတွက် ၃ဝ ရာခိုင်နှုန်းရှိခဲ့ရာ ၂ဝ၁၆ နှစ်လယ်ပိုင်းမှ ၂ဝ၁၇ မတ်
လအထိ အွန်လိုင်းအရောင်းအဝယ်ပြုလုပ်သူမှာ ၅ဝ ရာခိုင်နှုန်းအထိရှိခဲ့သည်ဟု ၄င်းက ပြော
သည်။

အဆိုပါ အရောင်းအဝယ်လုပ်သူများအနက် အများစုသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်
စသည့်မြို့ကြီးများအပါအဝင် တောင်ကြီး၊ မုံရွာ၊ ညောင်ဦး အစရှိသောဒေသများတွင်ဖြစ်ပြီး
အင်တာနက်ကိုအသုံးပြုကာ မော်တော်ဆိုင်ကယ်နှင့် အခြားစက်တပ်ယာဉ်များ ရောင်းဝယ်မှုကို ပိုမိုပြုလုပ်လာကြောင်း ဒေါ်သီတာဝိုင်းက ပြောသည်။

၂ဝ၁၆ ခုနှစ်တွင် နယ်မြို့များမှအင်တာနက်အသုံးပြုကာ အွန်လိုင်းပေါ်တွင်အရောင်းအဝယ်ပြုလုပ်
ခြင်းအနည်းငယ်သာရှိခဲ့သော်လည်း ၂ဝ၁၆ နှစ်လယ်ပိုင်းမှစတင်ကာ အွန်လိုင်းစျေးကွက်တွင်
အရောင်းအဝယ်ပြုလုပ်သူ တစ်ရက်လျှင် ၆,ဝဝဝ ခန့်ရှိလာကြောင်း စစ်တမ်းအရ သိရသည်။

အဆိုပါ Ads.com.mm ဝက်ဘ်ဆိုက်တွင် တစ်ပတ်ရစ်ပစ္စည်းများကို အခမဲ့ကြော်ငြာနိုင်သည့်
ဝက်ဘ်ဆိုက်ဖြစ်ပြီး ပစ္စည်းများတင်ရောင်းသူနှင့် ဝယ်သူကြားတိုက်ရိုက်တွေ့ဆုံကာ စျေးနှုန်း
ညှိနှိုင်းပြီး အရောင်းအဝယ်ပြုလုပ်နိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်