ဝေးလံခေါင်ဖျားသောဒေသများတွင် ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့်အကြံဉာဏ်များကို
အလွယ်တကူရရှိနိုင်စေရန် တယ်လီနောမြန်မာက အဆင့်မြှင့်ထားသော ကျန်းမာရေးဆိုင်ရာ
မိုဘိုင်းအက်ပလီကေးရှင်း Mate ကို မတ် ၁၃ ရက်တွင် မိတ်ဆက်ခဲ့သည်။
အဆင့်မြှင့်တင်ထားသည် Mate အက်ပလီကေးရှင်းတွင် ကျေးလက်ဒေသများရှိလူငယ်များ၊ ကိုယ်
ဝန်ဆောင်မိခင်များနှင့် မိသားစုအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ
အချက်အလက်များပါရှိသည့်အပြင် ကျန်းမာရေးဆိုင်ရာ နောက်ဆုံးရသတင်းများပါဝင်ပြီး၊ ပိုမို
လွယ်ကူစွာအသုံးပြု နိုင်ရန် ဆောင်ရွက်ထားသည်။
တယ်လီနောမြန်မာသည် Mate အက်ပလီကေးရှင်းကို လူထုကျန်းမာရေးဝန်ဆောင်မှုပေးသော
နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် မာရီစတုပ်စ်မြန်မာနှင့် ပူးပေါင်းရေးဆွဲထားခြင်းဖြစ်
သည်။
''ဒီအက်ပလီကေးရှင်းမှာ မိခင်နဲ့ကလေးကျန်းမာရေးအပါအဝင် တခြားလိင်နဲ့မျိုးဆက်ပွားကျန်းမာ
ရေးဆိုင်ရာအကြောင်းအရာတွေ ပြည့်ပြည့်စုံစုံပါဝင်တဲ့အတွက် အမျိုးသားတွေအတွက်ရော၊ အမျိုး
သမီးတွေအတွက်ပါ အရမ်းကို အသုံးဝင်တဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ အသုံးပြုသူ
တွေရဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတတွေကို ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်မှာ
ဖြစ်တဲ့အပြင် မှားယွင်းနေတဲ့အယူအဆတွေကိုလည်း ပြန်လည်တည့်မတ်ပေးဖို့ ရည်ရွယ်ထားပါ
တယ်''ဟု မာရီစတုပ်စ်-မြန်မာမှ mHealth Coordinator ဒေါက်တာခွန်သီဟက ပြောသည်။
မြန်မာနိုင်ငံလူဦးရေ၏ ရဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင်နေထိုင်ကြပြီး အများစုမှာ ကျန်း
မာရေးဝန်ဆောင်မှုများနှင့် ကျန်းမာရေဆိုင်ရာ အချက်အလက်များကိုရယူရန် အခက်အခဲရှိနေ
သည့်အတွက် တယ်လီနော၏ Mate အက်ပလီကေးရှင်းတွင် ကျန်းမာရေးဆိုင်ရာအကြံဉာဏ်များ
တောင်းခံနိုင်မည့်အရေးပေါ်ဖုန်းလိုင်းကိုပါ တိုက်ရိုက်ခေါ်ဆိုနိုင်ရန် ဆောင်ရွက်ပေးထားခြင်းဖြစ်
သည်။
ယင်းအက်ပလီကေးရှင်းကို အသုံးပြုသူ ခြောက်သောင်းကျော်ရှိနေပြီး အန်းဒရွိုက်တွင်သာ အသုံး
ပြုနိုင်သည်။ တယ်လီနောသည် Mate အက်ပလီကေးရှင်းကို ပြည်တွင်းရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်
တွင်မိတ်ဆက်ပေးပြီး မြို့ကြီးများသာမက ကျေးရွာ၊ ရပ်ကွက်အထိပါ ကွင်းဆင်းလုပ်သားများ ရှင်း
လင်း ပြသခဲ့ကြသည်။
















