အမျိုးအစား – Strategy, Simulation
ထုတ်လုပ်သူ – Teatudo Games
အရွယ်အစား – 104MB
ပလက်ဖောင်း – Android
မိုဘိုင်းဖုန်းတွေပေါ်မှာ MOBA ဂိမ်းတွေခေတ်စားလာခြင်း၊ အီလက်ထရွန်းနစ်အားကစား
(eSports) လူကြိုက်များလာခြင်းတို့က ဒီဂိမ်းကို ဖြစ်ပေါ်လာစေခဲ့တာပါ။ မိုဘိုင်းဖုန်းပေါ်မှာ
Counter Strike ပရိုဖက်ရှင်နယ်အသင်းတစ်ခုကို မိမိစိတ်ကြိုက်ကိုင်တွယ်ကစားရင်း အောင်မြင်
မှုတွေရယူပေးမယ့်ဂိမ်း ဖြစ်ပါတယ်။
ဒီဂိမ်းဟာ လောလောဆယ် အန်းဒရွိုက်ပလက်ဖောင်းမှာသာကစားနိုင်သေးပြီး Free to Play
လည်းမဟုတ်ဘဲ တစ်ဒေါ်လာခန့်ကျသင့်ပါတယ်။ ဒါပေမဲ့ ပေးရတာနဲ့တော့ ထိုက်တန်တဲ့ဂိမ်း
တစ်ခုပါ။
အခြေခံယူထားတဲ့ဂိမ်းက Counter Strike : Global Offensive နာမည်ကျော်ဂိမ်းဖြစ်ပြီး ရင်းနှီး
ပြီးသား de_dust 2 လိုမြေပုံမျိုးတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ ရုပ်ထွက်ကိုတော့ သိပ်ဦးစား
မပေးထားဘဲ အခြေခံဂရပ်ဖစ်ရုပ်ထွက်သာ ပါဝင်မှာပါ။ ကစားသူက အသင်းသားငါးဦးကို ပွဲတိုင်း
အနိုင်ရအောင် စီမံခန့်ခွဲရင်း ပိုကောင်းတဲ့ကစားသမားတွေ ခေါ်ယူတာ၊ အသင်းရဲ့ဘဏ္ဍာရေး
တိုးတက်လာအောင်ကူညီတာ၊ ပွဲထဲမှာ တစ်ဖက်အသင်းရဲ့ဗျူဟာကို ချေဖျက်ပေးနိုင်မယ့် တန်ပြန်
ဗျူဟာတွေချမှတ်ပေးတာစတဲ့ eSports မန်နေဂျာတစ်ယောက်ရဲ့တာဝန်တွေကို အကုန်အစင်
တာဝန်ယူရမှာပါ။ အသင်းပရိသတ်တွေကို ကိုယ့်အသင်းအမှတ်တံဆိပ်ပါဝင်တဲ့ အမှတ်တရ
ပစ္စည်းတွေရောင်းချတာကအစ ပါဝင်ပါတယ်။
eSports ပရိသတ်တွေအတွက် အတော်အသင့်ကောင်းမွန်တဲ့ဂိမ်းဖြစ်ပြီး မြင်နေကြဘောလုံး
မန်နေဂျာဂိမ်းတွေနဲ့ အခြေခံသဘောတရားက အတူတူပါပဲ။ ဘောလုံးသမားတွေနေရာမှာ ဂိမ်မာ
တွေနဲ့ပြိုင်ပွဲတွေ ပြောင်းလဲသွားတာပါပဲ။ တစ်ခုရှိတာက ကစားသမားတွေကို လက်နက်ရွေးချယ်
ပေးရတဲ့နေရာမှာ များများစားစား ရွေးချယ်စရာမရှိပါဘူး။ ဗျူဟာပိုင်းမှာလည်း ရိုးရိုးရှင်းရှင်းပဲဖြစ်
နေပြီး နောက်ပိုင်းရောက်မှသာ တဖြည်းဖြည်းနဲ့ ပိုစုံလင်လာတာပါ။
ကစားသမားတွေကို ရင်းနှီးအောင်နေထိုင်ရင်းနဲ့မှ သူတို့ရဲ့ စွမ်းရည်အကုန်အစင်ကို သိနားလည်
ရမယ့်အချက်ကတော့ တော်တော်ဆွဲဆောင်မှုရှိပါတယ်။ ကစားသမားတွေရဲ့ အပေါ်ယံလက်စွမ်း
ကိုကြည့်ပြီး ခေါ်ယူပြီးမှ သူတို့ရဲ့နှစ်သက်မှုတွေ၊ စတိုင်တွေကို ပြန်လေ့လာရတဲ့ပုံစံမျိုးပါ။
eSports Manager ဂိမ်းဟာ အသစ်ထွက်ရှိလာတာဖြစ်ပေမဲ့ အမှားအယွင်းသိပ်မရှိပါဘူး။ အရမ်း
ကောင်းတယ်လို့မဆိုနိုင်ပေမဲ့ ဒီလိုဂိမ်းမျိုးက ရှားပါးနေဆဲဖြစ်ပါတယ်။ ဒါကြောင့် eSports
လာကကိုသဘောကျတယ်ဆိုရင်တော့ ဆွဲယူဆော့ကစားကြည့်သင့်တဲ့ဂိမ်းတစ်ခုပါပဲ။

















