မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုဘိုင်းငွေကြေး Hackathon ကျင်းပ

မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုဘိုင်းငွေကြေး Hackathon ကျင်းပ

မိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်သည့် Wave Money သည် Hover နှင့်ပူးပေါင်း၍ မြန်မာ
နိုင်ငံ၌ ပထမဆုံးမိုဘိုင်းငွေကြေး Hackathon ကို အောင်မြင်စွာကျင်းပခဲ့ကြောင်း မတ် ၁၆ ရက်က
သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို အဖွဲ့ခုနစ်ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်များအနေဖြင့် နှစ်ရက် သို့မဟုတ် ၄၈
နာရီကြာအချိန်အတွင်း မိုဘိုင်းငွေကြေးနှင့် သက်ဆိုင်သည့် အက်ပလီကေးရှင်းတစ်ခုကို ဖန်တီး
ပြသရခြင်းဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ လက်ရှိကြံုတွေ့နေရသည့် ဒစ်ဂျစ်တယ်ငွေကြေး
ဝန်ဆောင်မှုအခက်အခဲများကို ဖြေရှင်းပေးနိုင်မည့် အက်ပလီကေးရှင်းတစ်ခုဖန်တီးကာတိုက်ရိုက်
ပြန်လည်သရုပ်ပြရန်ဖြစ်သည်။

ပထမဆုကို Wave Money ဝန်ဆောင်မှုအသုံးပြု၍ အွန်လိုင်းက ကောက်ခံသည့် အလှူ ငွေများကို
ပရဟိတအဖွဲ့အစည်းများထံ လွှဲပြောင်းပေးနိုင်သော လှူ ဒါန်းခြင်းအစီအစဉ်ကို ၄၈ နာရီအတွင်း
ဖန်တီးပေးနိုင်သည့် Marga အဖွဲ့ကို ပေးအပ်ခဲ့သည်။ အထူးဆုကိုမူ ရန်ကုန်ဘတ်စ်ကားဝန်
ဆောင်မှုအတွက် လက်မှတ်ရောင်းချခြင်းအက်ပလီကေးရှင်းဖြစ်သည့် YBS Bus Ticket App ကို
ဖန်တီးနိုင်ခဲ့သည့် Beyond Plus အဖွဲ့ရရှိသွားခဲ့သည်။

Wave Money နှင့် Hover တို့က ပြိုင်ပွဲဝင်များကို နည်းပညာများလေ့ကျင့်သင်ကြားပေးခြင်း၊ ဒီဇိုင်း
နှင့်ထုတ်ကုန်တိုးတက်ရေးအတွက် လမ်းညွှန်ချက်များပေးခြင်းတို့ဖြင့် အထောက်အပံ့ပေးခဲ့သည်။

''မြန်မာနိုင်ငံမှာ ရှိတဲ့ တီထွင်သူတွေအတွက် Hover နဲ့ပူးပေါင်းပြီး ဒီအစီအစဉ်ကို လုပ်ခဲ့တာပါ။
သူတို့ ၄၈ နာရီအတွင်း ဖန်တီးခဲ့ကြတဲ့အရာတွေကို မြင်တွေ့ရတာ စိတ်လှုပ်ရှားစရာပါပဲ။ မြန်မာ
နိုင်ငံမှာရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံး အတွက်အထောက်အပံ့ဖြစ်မယ့် အရာတစ်ခုခုကို တီထွင်
သူတွေဖန်တီးနိုင်အောင် အခွင့်အရေးပေးချင်တာပါ'' ဟု Wave Money ကုမ္ပဏီ၏ ထုတ်ကုန်နှင့်
ဒစ်ဂျစ်တယ်ဌာနအကြီးအကဲ နီကိုလပ်စ်ကော်လင်းက ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်