တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းထုတ်လုပ်သောကုမ္ပဏီဖြစ်သည့် အော်ပို (oppo) က အသစ်
ထပ်မံထုတ်လုပ်လိုက်သော F3 Plus စမတ်ဖုန်းကို ပြည်တွင်းစျေးကွက်သို့ မတ် ၂၃ ရက်တွင်
မိတ်ဆက်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
ယင်းစမတ်ဖုန်းတွင် 16 MP နှင့် 8MP ပါဝင်သည့် Dual Selfie ကင်မရာကို ပထမဆုံးအကြိမ်
အဖြစ် အသုံးပြုလာမည်ဖြစ်ပြီး ဆိုနီ၏နောက်ဆုံးထွက်ရှိထားသော Sony Sensor IMX 398 ကို
အသုံးပြုထားကာ ကျောဘက်ကင်မရာ 16 MP ဖြစ်သည်။
အဆိုပါဖုန်း၏ မျက်နှာပြင်အကျယ် ခြောက်လက်မရှိပြီး RAM 4GB နှင့် Internal memory 64 GB
ပါဝင်မည်ဖြစ်ရာ အန်းဒရွိုက်ဗားရှင်း ၆ ဒသမ ဝ ဖြစ်သည်။
ထို F3 Plus စမတ်ဖုန်းတွင် 4000 mAh ဘတ်ထရီကို အသုံးပြုထားသည့်အတွက် အချိန်ကြာမြင့်
စွာ ဖုန်းအသုံးပြုနိုင်မည်ဖြစ်ပြီး စျေးကွက်သို့ ရွှေရောင်ဖြင့် ဝင်ရောက်လာမည်ဖြစ်သည်။
အဆိုပါ F3 Plus စမတ်ဖုန်းသည် 4G GSM ကွန်ရက်ကိုအသုံးပြုနိုင်ပြီး 4G ဆင်းကတ်နှစ်ကတ်
စလုံး ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သော်လည်း SD ကတ်ထည့်သွင်းအသုံးပြုမည်ဆိုပါက 4G
ဆင်းကတ်တစ်ကတ်သာ အသုံးပြုနိုင်မည်ဖြစ်သည်။
သို့သော် အော်ပိုသည် MWC 2017 တွင်ပြသခဲ့သည့် 5x Dual Camera Zoom ကို ပြည်တွင်းစျေး
ကွက်တွင် အသစ်မိတ်ဆက်မည့် F3 Plus တွင်ထည့်သွင်း အသုံးပြုထားခြင်းမရှိသေးချေ။
အော်ပို၏ 16 MP Dual Selfie ကင်မရာပါဝင်သော ထုတ်ကုန်ဖြစ်သည့် F1 Plus ကို ထုတ်လုပ်
ပေးပြီး သုံးလအတွင်း အလုံးရေခုနစ်သန်းအထိ ရောင်းချခဲ့ရသည်။ ထို့ကြောင့် အသစ်ထုတ်လုပ်
သော F3 Plus တွင်လည်း အဆိုပါ Dual Selfie ကင်မရာကို အသုံးပြုလာခြင်းဖြစ်သည်။

















