ခြင်ပြေးနည်းပညာပါဝင်သော တီဗီနှင့် အဲကွန်း LG ထုတ်လုပ်

ခြင်ပြေးနည်းပညာပါဝင်သော တီဗီနှင့် အဲကွန်း LG ထုတ်လုပ်

တောင်ကိုရီးယားအခြေစိုက် အီလက်ထရွန်းနစ်ကုမ္ပဏီဖြစ်သော LG က ခြင်မှတစ်ဆင့့်ြ့ဖစ်ပွား
သည့် ကူးစက်ရောဂါများ ကာကွယ်နိုင်ရန် ခြင်ပြေးနည်းပညာပါဝင်သည့် တီဗီနှင့်အဲကွန်းကို မတ်
၁၆ ရက်တွင် ပြည်တွင်းစျေးကွက်၌ မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ ခြင်ပြေးနည်းပညာပါဝင်သည့် နောက်ဆုံးပေါ် LED တီဗီတွင် ထည့်သွင်းသော Ultrasonic
Wave နှုန်းလွန်အသံလှိုင်းနည်းပညာသည် လူကို အဆိပ်အတောက်မဖြစ်စေဘဲ ခြင်ကိုထိရောက်
စွာပြေးစေသည်။ အနံ့အသက်လည်းမပါရှိသည့်အတွက် ဘေးထွက်ဆိုးကျိုးများ သက်ရောက်မှု
မရှိပေ။

ထို့ပြင် IPS ရုပ်ထွက်သည် အပြင်လောကတွင် အမှန်တကယ်မြင်တွေ့သကဲ့သို့ပေးစွမ်းနိုင်ပြီး
မျက်လုံးကိုလည်း သက်သောင့်သက်သာဖြစ်စေမည်ဖြစ်ပြီး 20W အထိ ကျယ်လောင်သောအသံ
စနစ်ပါဝင်ကာ Built-In ပါဝင်ထည့်သွင်းထားသော ဂိမ်းများကိုလည်း ကစားနိုင်မည်။

မိုးကြိုးအန္တရာယ်ကာကွယ်နိုင်ရန် ၅ဝဝ ဗို့အား Cap, Fuse,Varistor, Thermistor နှင့် Isolator
များထည့်သွင်းထားကာ တီဗီကို USB သို့မဟုတ်  External Hard Drive ချိတ်ဆက်အသုံးပြုနိုင်
သည်။

အဆိုပါတီဗီ၏ ၃၂ လက်မကို ကျပ် ၃၃၉,ဝဝဝ ဖြင့်လည်းကောင်း၊ ၄၃ လက်မကို ကျပ် ၅၅၉,ဝဝဝ
ဖြင့်လည်းကောင်း ဝယ်ယူနိုင်သည်။

ထိုနည်းတူ အဲကွန်းတွင်လည်း Ultrasonic Wave နည်းပညာပါဝင်သောကြောင့် ခြင်အန္တရာယ်ကို
၇၂ ဒသမ ၅ ရာခိုင်နှုန်းအထိကာကွယ်ပေးပြီး အင်ဗာတာ V နည်းပညာပါဝင်ခြင်းကြောင့် စွမ်းအင်
အသုံးပြုမှု ၆ဝ ရာခိုင်နှုန်းအထိ လျှော့ချပေးသည်။

30kHz နှင့်အထက် နှုန်းလွန်အသံလှိုင်း (Ultrasonic Wave) အသုံးပြုထားသည့်အတွက် လူများကို
အန္တရာယ်ဖြစ်စေနိုင်သော ဘေးထွက်ဆိုးကျိုးများ သက်ရောက်မှုလုံးဝမရှိပေ။

အဆိုပါအဲကွန်းကို မီးအားမငြိမ်သက်သောအချိန်များတွင် လည်းကောင်း၊ ရာသီဥတုပြင်းထန်သော
အချိန်များတွင်လည်းကောင်း အသုံးပြုနိုင်ရန် တီထွင်ထုတ်လုပ်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်