ဂျပန်အခြေစိုက်ဂိမ်းကုမ္ပဏီ နင်တန်းဒိုးရဲ့အထင်ကရဇာတ်ကောင် မာရီယိုကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ
လမှာ Super Mario Run မိုဘိုင်းဂိမ်းအဖြစ် iOS ပေါ်တင်ပို့ခဲ့ပါတယ်။
အမာခံပရိသတ် အခိုင်အမာရှိတဲ့ ဂိမ်းစီးရီးတစ်ခုဖြစ်တာနဲ့အညီ အဆိုပါဂိမ်းကို download ဆွဲယူ
ဆော့ကစားမှု ကြိမ်ရေ ရ၈ သန်းကျော်ထိရှိခဲ့ပြီး ၁ဝ ရာခိုင်နှုန်းသော ကစားသူတွေက ဒီဂိမ်းကို
အပြည့်အဝကစားဖို့ ၁ဝ ဒေါ်လာတန်ဖိုးရှိတဲ့ in-game purchase ကိုပါ ဝယ်ယူကစားပြီးဖြစ်တယ်
လို့လည်း နင်တန်းဒိုးက ကြေညာခဲ့ပါတယ်။
Mario Run ကို အန်းဒရွိုက်မှာ မတ် ၂၃ ရက်ကနေ စတင်ဆော့ကစားနိုင်မယ်လို့ နင်တန်းဒိုးရဲ့
တွစ်တာအကောင့်ကနေ တရားဝင်ကြေညာပေးခဲ့ပါတယ်။ မတ်လအစောပိုင်းလောက်မှာ အန်း
ဒရွိုက်အတွက် pre-register လက်ခံခဲ့ပြီး ယခုအခါတော့ အန်းဒရွိုက်ဖုန်းပေါ်မှာ နင်တန်းဒိုးရဲ့
အဓိကအမှတ်တံဆိပ် ဂိမ်းဇာတ်ကောင်ဖြစ်တဲ့ မာရီယိုကို ကစားနိုင်တော့မှာပါ။
အလားတူ ဆိုနီပလေးစတေရှင်ဂိမ်းစက်တွေပေါ်မှာ လူကြိုက်များလှတဲ့ Dynasty Warriors ဂိမ်း
စီးရီးကိုလည်းထုတ်လုပ်သူ Koei က သူ့ရဲ့ hack and slash ကစားပုံအတိုင်း မိုဘိုင်းပေါ် ပေးပို့နိုင်
ဖို့ကြိုးစားနေပါတယ်။ ဘီတာအဆင့်ကို ၂ဝ၁၆ နှစ်ကုန်မှာပဲ ထုတ်လွှင့်ခဲ့ပြီး အခုမကြာခင်မှာ တရားဝင်ဗားရှင်းကိုဆော့ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ မိုဘိုင်းပေါ်မှာ ထွက်ရှိလာမယ့် Dynasty
Warriors: Unleashed ဂိမ်းကိုလည်း အခုချိန်မှာ pre-register လုပ်ထားပြီးတော့ ထွက်ရှိလာ
မယ့်အချိန်မှာ နိုတီရရှိနိုင်မှာ ဖြစ်ပါတယ်။

















