လတ်တလောခေတ်စားနေတဲ့ အသံထိန်းချုပ်ဂိမ်း

လတ်တလောခေတ်စားနေတဲ့ အသံထိန်းချုပ်ဂိမ်း

လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ မိန်းကလေးတစ်ယောက်က Yasuhati အမည်ရ အသံနဲ့ထိန်း
ချုပ်ဆော့ကစားရတဲ့ဂိမ်းကို ရယ်စရာကောင်းအောင် ဆော့ကစားပြတဲ့ ဗီဒီယိုတစ်ခုထွက်ပေါ်လာ
ခဲ့ပြီး မူရင်းလင့်မှာ ကြည့်ရှုမှုအကြိမ်ရေ သန်း ၂ဝ ကျော်ကို ရက်အနည်းငယ်အတွင်း ရရှိတဲ့ထိ
အောင်မြင်ခဲ့ပါတယ်။

အဆိုပါဂိမ်းဟာ ပီစီကွန်ပျူတာပေါ်မှာ ဆော့ကစားရတဲ့audio controlled အမျိုးအစားဂိမ်းတစ်ခုဖြစ်
ပြီး အန်းဒရွိုက်ပလက်ဖောင်းမှာလည်း ရရှိနိုင်ပါတယ်။ ကစားသူက လက်တွေအသုံးပြုဖို့မလိုဘဲ ဂိမ်းဇာတ်ကောင်လေးကို ရှေ့သွားအောင်၊ အန္တရာယ်တွေကို ခုန်ကျော်ရှောင်လွှားနိုင်အောင်
ကိုယ့်ရဲ့အသံချည်းသက်သက်နဲ့ ထိန်းကျောင်းပေးရတာပါ။

ထိန်းရတဲ့ပုံကရှင်းပါတယ်။ အသံတိုးတိုးနဲ့ပြောရင် ရှေ့သွားမယ်။ ကျယ်ကျယ်ပြောရင်ခုန်မယ်။
အကျယ်ဆုံးအော်ရင် အမြင့်ခုန်မှာပါ။ ဒီဂိမ်းဟာ အာရှဒေသတွင်းမှာ ခေတ်စားနေပြီး မူရင်းပီစီဗား
ရှင်းကို ဒေါင်းလုပ်ဆွဲယူဆော့ကစားမှုအကြိမ် ငါးသိန်းကျော်သွားပြီလို့သိရပါတယ်။ သူ့ရဲ့အောင်မြင်
မှုကြောင့် သံတူကြောင်းကွဲ ကော်ပီဗားရှင်းတွေကို လိုက်ပြီးထုတ်လုပ်တဲ့သူတွေ ရှိလာနေပါပြီ။

လူမှုကွန်ရက်မှာကြည့်မိလို့ စိတ်ဝင်စား တဲ့သူတွေကတော့ ကိုယ့်ရဲ့ဖုန်းထဲမှာ ဒီaudio controlled
game ကိုဆော့ကစားချင်ရင် ဂူးဂဲလ်ပလေးစတိုးမှာ Yasuhati / With Your Voice! ဆိုတဲ့အမည်နဲ့
ရှာဖွေဆော့ကစားနိုင်ပါတယ်။ အဆင့်သုံးဆင့်နဲ့ အဆုံးမရှိတဲ့ endless run mode တို့ပါဝင်ပြီး
တစ်ဆင့်အောင်မှ နောက်တစ်ဆင့်ကိုတက်နိုင်မှာပါ။ နောက်ပိုင်းအခန်းတွေက ခက်ခဲမှုမြင့်လာလို့ စိတ်ကြိုက်အသံထွက်နိုင်တဲ့ နေရာမျိုးမှာသာ ဆော့ကစားသင့်ပြီး လူထဲမှာဆော့ကစားလို့တော့
အဆင်မပြေနိုင်ပါဘူး။

audio အခြေပြုဂိမ်းတွေဟာ ကိုယ်လက်အင်္ဂါ မစုံလင်တဲ့သူတွေကို အဓိကအားဖြင့် ရည်ရွယ်ထုတ်
လုပ်လေ့ရှိပေမဲ့ Yasuhati ကတော့ အသံကျယ်ကျယ်ထွက်နိုင်တဲ့သူတိုင်း ဆော့ကစားနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်