အမ်ပီတီက စီဒီအမ်အေ ဆင်းကတ်နှင့် နံပါတ်တူ ဂျီအက်ဟ်အမ်ဆင်းကတ်များ ထုတ်ပေးနေ

အမ်ပီတီက စီဒီအမ်အေ ဆင်းကတ်နှင့် နံပါတ်တူ ဂျီအက်ဟ်အမ်ဆင်းကတ်များ ထုတ်ပေးနေ

နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)သည် စီဒီအမ်အေဆင်းကတ်သုံးစွဲသူများ
လက်ရှိကိုင်ဆောင်ထားသော နံပါတ်နှင့်တူညီသည့် ဂျီအက်စ်အမ်ဆင်းကတ်များကို မတ် ၂ဝ ရက်
မှစတင်ကာ ထုတ်ပေးနေပြီဖြစ်ကြောင်း အမ်ပီတီကတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဂျီအက်စ်အမ်ဆင်းကတ်များ ထုတ်ပေးမှုအစီအစဉ်တွင် စီဒီအမ်အေဆင်းကတ်များကို ပြန်
လည်သိမ်းဆည်းမည်မဟုတ်ဘဲ နံပါတ်တူဂျီအက်စ်အမ်ဆင်းကတ်ထုတ်ပေးခြင်းသာဖြစ်သည်။

''စီဒီအမ်အေ ဆင်းကတ်ကိုင်ထားသူတွေက လက်ရှိကိုင်ထားတဲ့နံပါတ်နဲ့ အနည်းဆုံးနောက်
ခြောက်လုံးတူတဲ့ ဂျီအက်စ်အမ်ဆင်းကတ်တွေကို ထုတ်ပေးနေတာဖြစ်ပါတယ်။ ထုတ်ပေးတဲ့အခါ
မှာလည်း စီဒီအမ်အေဆင်းကတ်တွေကို ပြန်သိမ်းမှာမဟုတ်တဲ့အတွက် စီဒီအမ်အေဆင်းကတ်ကို
လည်းဆက်သုံးလို့ရမယ်။ အသစ်ထုတ်ပေးတဲ့ ဂျီအက်စ်အမ်ဆင်းကတ်ကိုလည်းသုံးလို့ရမယ်''ဟု
အဆိုပါတာဝန်ရှိသူက ပြောသည်။

အဆိုပါဆင်းကတ်များကို အမ်ပီတီရုံးများအပါအဝင် တစ်နိုင်ငံလုံးရှိနေရာပေါင်း ၂ဝဝ ကျော်တွင်
အခမဲ့ထုတ်ယူနိုင်ရန်စီစဉ်ပေးထားပြီး ထုတ်ယူသူများသည် မိမိလက်ရှိကိုင်ဆောင်ထားသော စီဒီ
အမ်အေဆင်းကတ်နှင့်တကွ မှတ်ပုံတင်မိတ္တူဖြင့် ထုတ်ယူနိုင်မည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်