အူရီဒူးက မိုဘိုင်းဆင်းကတ်သက်တမ်းကို တစ်နှစ်အထိ တိုးမြှင့်

အူရီဒူးက မိုဘိုင်းဆင်းကတ်သက်တမ်းကို တစ်နှစ်အထိ တိုးမြှင့်

အူရီဒူးမြန်မာသည် မတ်လ ၁၆ ရက်မှစတင်ကာ မည့်သည်ပမာဏမဆို ဖုန်းငွေဖြည့်ပါက မိုဘိုင်း
ဆင်းကတ်သက်တမ်းကို တစ်နှစ်အထိတိုးမြှင့်ပေးမည်ဖြစ်သည်။ ယခင်က ဆင်းကတ်တစ်ခု၏
သတ်မှတ်သက်တမ်းမှာ ရက် ၉ဝ သာဖြစ်ပြီး အဆိုပါ ရက် ၉ဝ အတွင်း ဖုန်းငွေဖြည့်အသုံးပြုခြင်း
မပြုပါက သက်တမ်းကုန်ဆင်းကတ်အဖြစ်သတ်မှတ်ကာ အလိုအလျောက်လိုင်းပိတ်ခဲ့သည်။

မည်သည့်အူရီဒူးဆင်းကတ်မဆို သက်တမ်းတစ်နှစ်ရရှိရန် ဖုန်းငွေဖြည့်သွင်းရမည်ဖြစ်ပြီး ဖုန်းငွေ
ဖြည့်သွင်းပြီးသည့်အခါ သက်တမ်း ၃၆၅ ရက်ဟူသည့်အတည်ပြုချက်ကို လက်ခံရရှိမည်ဖြစ်သည်။
မည်သည့်ဖုန်းငွေပမာဏမဆို ဖြည့်သွင်းလိုက်တိုင်း ဆင်းကတ်သက်တမ်းနှင့်အတူ မူလလက်
ကျန်ငွေသက်တမ်းမှာလည်း တစ်နှစ်သက်တမ်းရရှိမည်ဖြစ်ပြီး Facebook, Viber, Bee Talk နှင့်
အူရီဒူးဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုခွင့်များရရှိမည်ဖြစ်သည်။

အူရီဒူး၏လက်ဆောင်လွှဲပေးနိုင်မည့်အစီအစဉ် Gift Pack ကိုလက်ခံရရှိသည့် သုံးစွဲသူများသည်
လည်း ဆင်းကတ်နှင့်လက်ကျန်ငွေသက်တမ်းကို တစ်နှစ်အထိရရှိမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်