ရခိုင်ပြည်နယ်တွင် တယ်လီနော အလင်းအိမ်စင်တာ ဖွင့်လှစ်

ရခိုင်ပြည်နယ်တွင် တယ်လီနော အလင်းအိမ်စင်တာ ဖွင့်လှစ်

ကျေးလက်နှင့်မြို့ပြမတူညီသည့် ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှုကွာဟချက်များလျှော့ချရာတွင်
အထောက်အကူပြုရန်ရည်ရွယ်၍ ရခိုင်ပြည်နယ်၏ ပထမဦးဆုံး အလင်းအိမ်စင်တာကို တယ်လီ
နောမြန်မာက မတ် ၂၁ ရက်တွင် ရသေ့တောင်မြို့နယ်တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အလင်းအိမ်စင်တာသည် တယ်လီနောမြန်မာ၏ ၆၄ ခုမြောက်စင်တာဖြစ်ရာ ၂ဝ၁၈ ခုနှစ်
မကုန်မီ အလင်းအိမ်စင်တာပေါင်း ၂ဝဝ ဖွင့်လှစ်ရန်လည်း တယ်လီနောမြန်မာက ရည်မှန်းထား
သည်။

အလင်းအိမ်စင်တာများကို ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၂ ခု အပြင် နေပြည်တော်တွင်လည်း
တယ်လီနောမြန်မာက ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံ အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဖွဲ့
အစည်း MIDO နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဒေသခံလုပ်ငန်းရှင်များဦးစီးကာ သတင်း
အချက်အလက်ဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်တက်မြောက်ရေးဆိုင်ရာ သင်တန်းများပေး
အပ်နိုင်ရန် အလင်းအိမ်စင်တာများကိုဖွင့်လှစ်ခြင်းဖြစ်ပြီး၊ လူမှုရေးနှင့်စီးပွားရေးလုပ်ငန်းများလည်
ပတ်နိုင်ရေး အသိပညာပေးသင်တန်းများကို တယ်လီနောနှင့် MIDO ပူးပေါင်းဆောင်ရွက်နေခြင်း
ဖြစ်သည်။

အလင်းအိမ်စင်တာများတွင် စမတ်ဖုန်းအခြေပြု ဒစ်ဂျစ်တယ်နည်းပညာများ သင်ကြားပေးသည့်
အပြင် အွန်လိုင်းသင်ခန်းစားများကိုလည်း သင်ကြားပေးမည်ဖြစ်သည်ဟု တယ်လီနောမြန်မာ၏
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆိုင်ရာ တာဝန်ခံဦးမင်းသူက ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် အလင်းအိမ်စင်တာများနှင့် ရန်ကုန်၊ မန္တလေးရှိ စာသင်ကျောင်းများကတစ်ဆင့်
စုစုပေါင်း လူပေါင်း ၂၄,ဝဝဝ ကို ဘေးကင်းလုံခြုံသည့် အင်တာနက်အသုံးပြုမှုနှင့်ပတ်သက်သည့်
အသိပညာပေးသင်တန်းများ ပေးအပ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်