ဆမ်ဆောင်း ထုတ်ကုန်များရှိ ဘက်ထရီများဘေးကင်းလုံခြံုမှုရှိစေရန် အဆင့် ၈ ဆင့်ဖြင့် စစ်ဆေးမှုစနစ်ကို အသုံးပြု

ဆမ်ဆောင်း ထုတ်ကုန်များရှိ ဘက်ထရီများဘေးကင်းလုံခြံုမှုရှိစေရန် အဆင့် ၈ ဆင့်ဖြင့် စစ်ဆေးမှုစနစ်ကို အသုံးပြု

ဆမ်ဆောင်းကုမ္ပဏီ (Samsung) သည် ၄င်းတို့၏ထုတ်ကုန်ပစ္စည်းများ၏ ဘက်ထရီစနစ်ဘေး
ကင်းလုံခြံုမှုရှိစေရန် အဆင့်ရှစ်ဆင့်ဖြင့် စစ်ဆေးမှုဖြစ်သော '8-Point Battery Safety Check'
စနစ်ကို စတင်အသုံးပြုလျက်ရှိကြောင်း ဆမ်ဆောင်းမြန်မာက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အဆင့်ရှစ်ဆင့်မှာ ကြာရှည်ခံမှုစမ်းသပ်ချက်၊ အမြင်အာရုံဖြင့်စမ်းသပ်ချက်၊ X-Ray ဖြင့်
စစ်ဆေးခြင်း၊ ကြိမ်ဖန်များစွာ အားသွင်းစစ်ဆေးခြင်း၊ TVOC အော်ဂဲနစ်ဒြပ်ပေါင်းယိုစိမ့်မှုစမ်းသပ် ချက်၊ ဖုန်းဘက်ထရီများကို ပြန်လည်ဖြုတ်၍ဆန်းစစ်ခြင်း၊ အရှိန်အဟုန်မြှင့်အသုံးပြု မှုကိုစမ်းသပ်ခြင်း
နှင့် Delta Open Circuit Voltage ဖြစ်သည်။

အဆင့်ရှစ်ဆင့်တွင် ပါဝင်သည့် ကြာရှည်ခံမှုစမ်းသပ်ချက်တွင် ဘက်ထရီကောင်းမွန်မှုကိုစမ်းသပ်
ခြင်းဖြစ်ပြီး ဘက်ထရီကို လိုအပ်သည်ထက်ပို၍ အားသွင်းခြင်း၊ လက်သည်းဖြင့် ဘက်ထရီအား
ထိုးခြင်းနှင့်ဘက်ထရီများကို အပူချိန်လွန်ကဲသောနေရာ၌ ထားရှိခြင်းများပါဝင်သည်။

အမြင်အာရုံဖြင့်စစ်ဆေးခြင်းတွင် ဆမ်ဆောင်း၏စံရည်မှန်းချက်များ၊ စံချိန်စံညွှန်များနှင့်အတူ
ဘက်ထရီကို အမြင်အာရုံဖြင့် စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး X-Ray ဖြင့်စစ်ဆေးရာတွင် ဘက်
ထရီများကို X-Ray အောက်တွင်ဖြတ်စေပြီး အတွင်းပိုင်းပြစ်ချက်ရှိ၊ မရှိ စစ်ဆေးခြင်းဖြစ်သည်။

ဖုန်းဘက်ထရီများကို ကြိမ်ဖန်များစွာအားသွင်းစမ်းသပ်ခြင်း၊ ဘက်ထရီအတွင်းရှိ အော်ဂဲနစ်ဒြပ်
ပေါင်း ယိုစိမ့်မှုရှိ၊ မရှိစစ်ဆေးခြင်းအပြင် ဘက်ထရီကို ဖုန်းမှပြန်လည်ဖြုတ်ယူကာ ဘက်ထရီ
တစ်လုံး၏ လုံခြံုရေးအတွက် အရေးပါသောအစိတ်အပိုင်းဖြစ်သည့်ဘက်ထရီတွင် ပတ်ထားသော
အပူကာတိပ်များနှင့် ဘက်ထရီ၏ Tab များ ဂဟေဆက်ထားသော နေရာများကို စစ်ဆေးခြင်းဖြစ်
သည်။

အရှိန်အဟုန်မြှင့်အသုံးပြုမှုကို စမ်းသပ်ရာတွင်လည်း ဖုန်းကိုအရှိန်အနှုန်းမြင့်အသုံးပြုသည့်အတိုင်း
ဆမ်ဆောင်းမှ ထိုသုံးစွဲမှုနှင့်အတူ အခြေအနေတစ်ခုကိုဖန်တီး၍ ထိထိရောက်ရောက်စစ်ဆေးခြင်း
ဖြစ်ပြီး နောက်ဆုံးစမ်းသပ်စစ်ဆေးမှု Delta Open Circuit Voltage အဆင့်တွင် ဖုန်းဘက်ထရီ
များ၏ ဗို့အားပြောင်းလဲမှုများကို စစ်ဆေးခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်