ခုခံအားကျဆင်းမှုရောဂါ HIV/AIDS ကူးစက်ခံရမှုမြင့်မားသည့် အာဖရိကနယ်မြေအချို့ အတွက်
ရန်ပုံငွေရှာဖွေရေးအစီအစဉ်အဖြစ် ပထမဆုံးသောအနီရောင်အိုင်ဖုန်းကို အက်ပဲလ် (Apple)
ကုမ္ပဏီက ထုတ်လုပ်ရောင်းချခဲ့သည်။
ယခုထွက်ရှိလာသောအနီရောင် iPhone 7 / 7 Plus အမျိုးအစားနှစ်မျိုးမှာ ပထမဆုံးသောအနီ
ရောင်ကိုယ်ထည်ဖြင့်ထုတ်လုပ်သည့် အိုင်ဖုန်းများဖြစ်ပြီး ရောင်းချရငွေ၏တချို့တစ်ဝက်ကို ခုခံအား
ကျဆင်းမှုရောဂါ တိုက်ဖျက်ရေးရန်ပုံငွေအဖြစ် လှူ ဒါန်းမည်ဖြစ်သည်။
မိုဘိုင်းဖုန်းများ၏ဒေတာသိမ်းဆည်းနိုင်မှု (Memory) 128GB နှင့် 256GB မော်ဒယ်နှစ်မျိုးထုတ်
လုပ်ထားပြီး အမေရိကန်အပါအဝင် အဓိကစျေးကွက်တစ်ဒါဇင်ခန့်တွင် မတ် ၂၄ ရက်က စတင်
ဖြန့်ချိခဲ့ကာ (PRODUCT) Red iPhone 7 ကိုဒေါ်လာ ရ၄၉ မှစတင်ရောင်းချပြီး iPhone 7 Plus ကို
ဒေါ်လာ ၈၆၉ မှ စတင်ရောင်းချမည်ဖြစ်သည်။
လာမည့်ဧပြီလကုန်တွင် နိုင်ငံပေါင်း ၄ဝ ကျော်ထိဖြန့်ချိသွားမည်ဟု အက်ပဲလ်က ကြေညာထား
သည်။ တောက်ပသော အနီရောင်ကိုယ်ထည်မှလွဲ၍ ကျန်သောပါဝင်စက်ပစ္စည်းများမှာကျန်ရှိသော
iPhone 7 မျိုးဆက်များနှင့် အတူတူပင်ဖြစ်သည်။
အေ့ဒ်စ်ရောဂါတိုက်ဖျက်ရေးအစီစဉ်အတွက် ရန်ပုံငွေအစီအစဉ်တွင် အိုင်ဖုန်းဝယ်ယူရုံနှင့် လှူ ဒါန်း
နိုင်မည်ဖြစ်သည်။ အနီရောင်မော်ဒယ်များမှာ ရှေ့ဘက်တွင်တော့ အဖြူရောင်မျက်နှာပြင်နှင့်
Home button တို့သာပါဝင်လာမည်ဖြစ်သည်။

















