လူမှုဆက်သွယ်ရေးအက်ပလီကေးရှင်း My-Chat ကိုထုတ်လုပ်သည့် ဗီယက်နမ်အခြေစိုက်
MySquare ကုမ္ပဏီသည် မိုဘိုင်းဖုန်းပေါ်တွင်အရောင်းအဝယ်လုပ်နိုင်ရန် FastSell အက်ပလီ
ကေးရှင်းကို အန်ဒရွိုက်ဗားရှင်းဖြင့် ထုတ်လုပ်ထားသည်။
အဆိုပါအက်ပလီကေးရှင်းကိုအသုံးပြု၍ လူသုံးကုန်ပစ္စည်းများကိုအလွယ်တကူရှာဖွေဝယ်ယူနိုင်ပြီး
ရောင်းချသူများသည်လည်း မိမိရောင်းလိုသည့်ပစ္စည်းများ၏ အချက်အလက်ကိုထည့်သွင်းကာ
အလွယ်တကူ ရောင်းချနိုင်မည်ဖြစ်သည်။
ယင်းအက်ပလီိကေးရှင်း၏ အားသာချက်သည် မိမိရောက်ရှိနေသောနေရာအနီးတစ်ဝိုက်တွင်
FastSell အက်ပလီကေးရှင်းကိုအသုံးပြုကာ ရောင်းချထားသည့် ပစ္စည်းများကိုရှုနိုင်ပြီး မိမိရောက်
ရှိရာနေရာနှင့် ပစ္စည်းရောင်းချသူ အကွာအဝေးကိုလည်း ဖော်ပြပေးသည်။
ထိုအက်ပလီကေးရှင်းတွင် ပစ္စည်းတစ်ခုချင်းစီအလိုက် ရောင်းချသူအမည်နှင့်ဆက်သွယ်ရန်ဖုန်း
နံပါတ်များထည့်သွင်းပေးထားသည့်အပြင် လူသုံးကုန်ပစ္စည်းများသာမက COC ဂိမ်းကဲ့သို့
ဂိမ်းအကောင့်များကိုလည်း အက်ပလီကေးရှင်းတွင်ရောင်းချနိုင်သည်။ ရောင်းချရာတွင် (တစ်ပတ်
ရစ်) အဝတ်အထည်၊ လူသုံးကုန်ပစ္စည်းများနှင့် မိုဘိုင်းဖုန်းစသည်များကို ရောင်းချနိုင်သည့်အပြင်
မိမိအတွက်အသုံးမဝင်တော့သည့် ပစ္စည်းများကို အက်ပလီကေးရှင်းမှတစ်ဆင့် အခမဲ့ပေးနိုင်သည်။
အဆိုပါအက်ပလီကေးရှင်းကို ဂူးဂဲလ်ပလေးစတိုးတွင် ဒေါင်းလုတ်လုပ်နိုင်ပြီး Android version
4.1 နှင့် အထက်ဖုန်းများအားလုံးကို အထောက်အပံ့ပေးသည်။

















