ရုပ်ရှင်နဲ့တစ်ပြိုင်တည်းထွက်လာတဲ့ ပါဝါရိန်းဂျားဂိမ်း

ရုပ်ရှင်နဲ့တစ်ပြိုင်တည်းထွက်လာတဲ့ ပါဝါရိန်းဂျားဂိမ်း

Free to Play
အမျိုးအစား    - Versus Multiplayer, RPG
ထုတ်လုပ်သူ  - nWay Inc.
ပလက်ဖောင်း - iOS, Android

၂ဝ၁၇ ခုနှစ်ရဲ့စိတ်ဝင်စားမှုအများဆုံးရုပ်ရှင်ကားတစ်ကားကတော့ reboot ပြန်လည်ရိုက်ကူးတဲ့
ပါဝါရိန်းဂျားရုပ်ရှင်ကားပါပဲ။ အသက် ၂ဝ ကျော် ၃ဝ လူငယ်တွေရဲ့ငယ်ဘဝမှာ အစိတ်အပိုင်း
တစ်ခုအဖြစ်ပါဝင်ခဲ့တဲ့ Mighty Morphin Power Rangers စီးရီးကို ူLegendary ရုပ်ရှင်ထုတ်လုပ်
ရေးကနေ အသစ်တစ်ဖန် ပြန်လည်ရိုက်ကူးတာဖြစ်တယ်။ ဒီဇာတ်ကားဟာ နိုင်ငံတကာမှာ မတ်
၂၂ ရက်မှာရုံတင်ခဲ့ပြီး အခုထိပြသနေဆဲပါ။

ဂိမ်းအရွယ်အစားက 160MB ဝန်းကျင်ဖြစ်ပြီး ဂိမ်းကစားဖို့လည်း အင်တာနက်ကော်နက်ရှင်လိုပါ
တယ်။ အမျိုးအစားက လုံးဝ မာလ်တီပလေယာ Versus Action ဖြစ်ပြီး reward စနစ်ကတော့
Clash Royale နဲ့ ဆင်တူပါတယ်။

အဓိကဗီလိန် Rita Repulsa ဟာ ရိန်းဂျားတွေရဲ့အစွမ်းကိုဖျက်ဆီးဖို့အတွက် သူ့ရဲ့ အစွမ်းနဲ့
Morphin Grid ကိုရယူလိုက်ပါတယ်။ ထို့နောက်မှာတော့ များပြားတဲ့အခြားစကြာဝဠာတွေက
ရိန်းဂျားတွေနဲ့ဗီလိန်တွေအကုန်ရောက်ရှိလာပြီး Rita Repulsa ကိုတားဆီးဖို့ တိုက်ခိုက်ကြရပါ
တော့တယ်။

ဂီမ်းကစားရတဲ့ပုံစံကတော့ များပြားလှတဲ့ပါဝါရိန်းဂျားမျိုးစုံနဲ့ ဗီလိန်တွေအနက်သုံးယောက်ကို စိတ်
ကြိုက်ရွေးချယ်ပြီး ကစားသူနှစ်ဦးအချင်းချင်း တိုက်ခိုက်ရတာပါ။ အချိန်နှစ်မိနစ်အတွင်း တစ်ဖက်
လူရဲ့သွေးတန်းကို အများဆုံးလျှော့ချနိုင်ရင် ဒါမှမဟုတ် နောက်ကောက်ချနိုင်ရင် အနိုင်ရမှာပါ။

ရွေးချယ်နိုင်တဲ့ ဇာတ်ကောင်လောလောဆယ်မှာ ၃ဝ ကျော်ရှိပြီး အဓိကတိုက်ခိုက်တဲ့ Leader နဲ့
အကူအညီပေးရတဲ့ Assist ကာရိုက်တာနှစ်ယောက်ဆီ ရွေးချယ်ရမှာပါ။ ကစားရတဲ့ပုံက ကိုယ်
ရွေးထားတဲ့ ကာရိုက်တာကိုလိုက်ပြီး သူတို့ရဲ့ move တွေကပေါ်လာမှာဖြစ်ပါတယ်။ ဒါကို ပြိုင်ဘက်ရဲ့လှုပ်ရှားမှုပေါ်လိုက်ပြီး ကောင်တာပြန်ချနိုင်မှ အနိုင်ရရှိမှာပါ။ Tekken Tournament
မိုဘိုင်းဂိမ်းနဲ့ခပ်ဆင်ဆင်တူပါတယ်။

အနိုင်ရတဲ့လူက Morphin Box တွေရရှိမှာဖြစ်ပြီး နာရီအနည်းငယ်ကြာအောင် ဖွင့်ရပါတယ်။ ရရှိ
မယ့်ဆုတွေကတော့gold coin, crystal နဲ့ ranger shards ဆိုပြီးသုံးမျိုးပါ။ shard တွေက
ကာရိုက်တာအသစ်တွေဖွင့်ဖို့ ဖြစ်ပါတယ်။ တစ်နေ့ကို တစ်ခါသာရရှိတဲ့ Corrupt Box လည်းရှိပါ
သေးတယ်။ ူ

Legacy Wars မိုဘိုင်းဂိမ်းဟာ Legacy Wars လုံးဝမပါဝင်ဘဲ လောလောဆယ်မှာ မာလ်တီပ
လေယာသီးသန့်သာ ကစားရတဲ့ဂိမ်းဖြစ်ပါတယ်။ ရုပ်ထွက်က တော်တော်လေးကိုကောင်းပြီး
ကစားရတာလည်း ဆွဲဆောင်မှုတော့ရှိတာအမှန်ပါပဲ။ ရုပ်ရှင်နဲ့အတူ ကတိုက်ကရိုက်ထွက်ပေးရ
သလိုဖြစ်နေပြီး stand-alone မပီသဘူးလို့ ခံစားရပါတယ်။

ဒါပေမဲ့ မိမိငယ်ဘဝက Power Ranger စီးရီးကို ခေတ်သစ်မှာနည်းပညာသစ်တွေနဲ့ ပြန်လည် အသက်သွင်းထားတာ မြင်တွေ့ချင်သူတွေအတွက်တော့ ဒီဂိမ်းဟာ ကစားကြည့်သင့်တဲ့ဂိမ်းပါပဲ။
အခမဲ့ကစားနိုင်ပေမဲ့ အကောင်သစ်တွေမြန်မြန်ရချင်ရင် ငွေပေးဝယ်ရလို့ ဒီဂိမ်းကိုနောက်ပိုင်းမှာ
update အသစ်နဲ့ ဇာတ်ကောင်အသစ်တွေထပ်ဖြည့်လာဦးမယ်လို့ ယူဆရပါတယ်။ Power
Rangers ရုပ်ရှင်ကားကလည်း နောက်ဆက်တွဲတွေအများကြီးလာဦးမှာဆိုတော့ ဒေါင်းယူထား
တာမမှားပါဘူး။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်