မိုဘိုင်းပေါ် စရောက်လာတဲ့ စိတ်ဝင်စားစရာ Dynasty Warriors Unleashed မိုဘိုင်းဂိမ်း

မိုဘိုင်းပေါ် စရောက်လာတဲ့ စိတ်ဝင်စားစရာ Dynasty Warriors Unleashed မိုဘိုင်းဂိမ်း

Free to Play
အမျိုးအစား        Action RPG, Hack n' Slash
ထုတ်လုပ်သူ         Nexon, Tecmo Koei
ပလက်ဖောင်း         Android, iOS

Console ဂိမ်းလောကမှာ အသက်အရွယ်မရွေးနှစ်သက်ကြတဲ့ ဂိမ်းစီးရီးတစ်ခုကတော့ Dynasty
Warriors Musou စီးရီးပါပဲ။ ၁၉၉၇ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ ဆိုနီပလေးစတေရှင်ဂိမ်းစက်ပေါ်က
ပထမဆုံးဂိမ်းကို လူသိမများပေမဲ့ မြန်မာနိုင်ငံကို P2 လို့လူသိများတဲ့ ဒုတိယမျိုးဆက်ပလေးစတေ
ရှင်ဂိမ်းစက်တွေ ဝင်လာတဲ့အခါမှာတော့ ဒီဂိမ်းစီးရီးဟာ အင်မတန်လူကြိုက်များခဲ့ပြီး ကစားသူ
အားလုံးနီးပါး ကစားဖူးတဲ့ဂိမ်းတစ်ခုပါ။

အခုအခါမှာတော့ ပထမဆုံးအကြိမ်အဖြစ် Dynasty Warriors ကို စမတ်ဖုန်းတွေပေါ်တရားဝင်
ပေးပို့ခဲ့ပြီဖြစ်ပါတယ်။ မတ်လကုန်မှာစတင်ထုတ်လွှင့်ခဲ့တဲ့ ဒီဂိမ်းဟာ သုံးရက်အတွင်း Download
ကြိမ်ရေ နှစ်သန်းကျော်သွားခဲ့တာကလည်း ဒီဂိမ်းစီးရီးရဲ့ အမာခံပရိသတ်ဘယ်လောက်များလဲ
ဆိုတာကို သိသာစေခဲ့ပါတယ်။

တရုတ်ပြည်ရဲ့ ထင်ရှားတဲ့ဖြစ်ရပ်မှန် အခြေခံဝတ္ထု Romance of Three Kingdoms ကို အခြေခံ
ထားတဲ့ဂိမ်းစီးရီးထဲက ထင်ရှားတဲ့စစ်သည်တော် ၄၈ ယောက်ကိုရွေးချယ် ဆော့ကစားနိုင်ပြီး
တစ်ခါကို အများဆုံးသုံးယောက်ထိ ရွေးချယ်ဖွဲ့စည်းနိုင်ပါတယ်။ ကစားရတဲ့ပုံစံကတော့ သူ့ရဲ့ထုံးစံ
အတိုင်း RPG ရောနှောတဲ့ Hack n' Slash စတိုင်ပါ။ ပြောရရင်အဆက်မပြတ်တိုက်ခိုက်နေရတဲ့
ပုံစံဖြစ်တယ်။

ကစားသူက စစချင်းမှာ Campaign mode ကိုပဲကစားနိုင်ပြီး နောက်ပိုင်းအဆင့်တက်လာတဲ့အခါ
မှာ မာလ်တီပလေယာကစားနည်းများစွာကို ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။ ဒါက မိုဘိုင်းပလက်
ဖောင်းရဲ့ အားသာချက်ပါပဲ။ ကစားသူတွေဟာ ကွန်ဆိုးဂိမ်းစက်မှာထက်စာရင် စမတ်ဖုန်းပေါ်မှာ
တကယ့်ကစားသူတွေအချင်းချင်း ပြိုင်ဆိုင်နိုင်တာက စိတ်ဝင်စားစရာကောင်းတဲ့အချက်ပါ။

Stage တစ်ခုကို အခန်း ၁ဝ ခန်းပါဝင်ပြီး ကြယ်သုံးပွင့်စီပေးတယ်။ တစ်ခန်းကို သုံးမိနစ်ဝန်းကျင်
သာကြာတဲ့အတွက် သွားရင်းလာရင်း အပျင်းပြေဆော့ကစားဖို့လည်း အဆင်ပြေပါတယ်။ ဒါ့ပြင်
ရရှိတဲ့ကြယ်ပွင့်အရေအတွက်ကိုလိုက်ပြီး ဆုတွေလည်းပြန်လည်ရရှိမှာဖြစ်ပါတယ်။

ကစားနိုင်တဲ့ဟီးရိုးတွေက ကြယ်တစ်ပွင့်ကနေ ခြောက်ပွင့်အထိ အရည်အသွေးခွဲခြားထားပြီး
ကြယ်ပွင့်ပိုများရင် ပိုသန်မာပါတယ်။ နေ့စဉ်မဲဖောက်ပေးတဲ့စနစ်ကနေ တစ်နေ့ကိုခြောက်ယောက်
အထိအလကားရနိုင်တယ်။ ကိုယ်ကြိုက်တဲ့စစ်သူကြီးကိုရချင်ရင်တော့ ပိုက်ဆံများများသုံးပြီး
ဝယ်မှသာရရှိနိုင်ခြေရှိပါတယ်။

ဒီဂိမ်းရဲ့  gameplay စတိုင်က မူရင်းစီးရီးရဲ့ အသားကျပြီးသားပုံစံအပေါ်ကို မိုဘိုင်း role-play ဂိမ်း
တွေထဲက နေ့စဉ်လုပ်ဆောင်ချက်ကိုလိုက်ပြီး ဆုပေးတဲ့ပုံစံမျိုးပေါင်းစပ်ထားတာပါပဲ။ ကစားတဲ့
သူက campaign တစ်ခန်းဆော့ရင် energy bar အဖြစ်သတ်မှတ်ထားတဲ့ ပေါက်စီလေးတစ်ခု
သုံးရပါတယ်။ ဒါပေမဲ့ တစ်နေကုန်နီးပါး ထိုင်ကစားနေလို့ရပါတယ်။ အဓိကပြဿနာက Stage 3
နောက်ပိုင်းအခန်းတွေမှာ ပိုက်ဆံမသုံးတဲ့သူတွေအတွက် တစ်ဆင့်တက်နိုင်ဖို့ ခက်ခဲတာပါ။

ဟီးရိုးတွေကို upgrade လုပ်တဲ့နေရာမှာ resources အရမ်းသုံးရပါတယ်။ ပုံမှန်မိုဘိုင်းဂိမ်းတွေလို
နေ့စဉ်အချိန်ပေးကစားပြီး resource ဖမ်းနိုင်မှ ရှေ့ရောက်မှာပါ။ ပြီးပြီးသားအခန်းတွေကို ပြန်လည်
ကစားနိုင်ပေမဲ့ ရရှိတဲ့ဆုကတော့ နည်းပါးသွားမှာဖြစ်တယ်။ ဒီတော့ သူတို့ခိုင်းတဲ့အတိုင်း နေ့စဉ်
လုပ်ရတဲ့မာလ်တီပလေယာကနေပဲ resource ပြန်ရှာရတဲ့အဖြစ်ကို ရောက်မှာပါ။

မိုဘိုင်းဂိမ်းတွေရဲ့ဆိုးကျိုးကတော့ အချိန်ပေးကစားရတဲ့အခါမျိုးမှာ ကစားသူကြိုက်တာလုပ်လို့မရဘဲ
နေ့စဉ် သူတို့ခိုင်းတဲ့ quest တွေကိုလုပ်ပေးရတာပါပဲ။ ကြာလာတော့ ဂိမ်းက လူကို ပြန်ကစား
နေသလိုဖြစ်လာတယ်။ Dynasty Warriors Unleashed ဟာ DW အမာခံပရိသတ်တွေအတွက်
တော့ သွားလေရာမှာ အာသာပြေဆော့ကစားနိုင်တဲ့ ဂိမ်းကောင်းတစ်ခုပါ။ ဒါပေမဲ့ပလေးစတေရှင်
ကွန်ဆိုးဂိမ်းစက်မှာ ဆော့ရတဲ့အရသာမျိုးလောက်တော့ မရနိုင်သေးပါဘူး။

နောက်ထပ်အရေးကြီးတဲ့အချက်က ဒီဂိမ်းဟာ သရီးဒီသုံးဖက်မြင်ဂိမ်းဇာတ်ကောင်တွေ နောက်ခံ
အခန်းတွေနဲ့ဖွဲ့စည်းထားတော့ အရွယ်အစား 2GB ကျော်ရှိပြီး ဆော့ကစားရမှာလည်း ဖုန်းရဲ့
RAM မန်မိုရီ 2GB လောက်ရှိရင်တောင် မလုံလောက်ပါဘူး။ သာမန်ဖုန်းနဲ့တောင် ကောင်းကောင်း
ဆော့လို့မရတဲ့ အနေအထားပါ။ Dynasty Warriors Unleashed ကို ကစားမယ်ဆိုရင် ဒါကိုတော့
ကြိုသတိထားဖို့ လိုအပ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်