စွမ်းဆောင်ရည်မြင့် နည်းပညာများပါဝင်သည့် ဆမ်ဆောင်း Galaxy S8 နှင့်် S8 Plus

စွမ်းဆောင်ရည်မြင့် နည်းပညာများပါဝင်သည့် ဆမ်ဆောင်း Galaxy S8 နှင့်် S8 Plus

စွမ်းဆောင်ရည်မြင့်နည်းပညာများပါဝင် သော ဆမ်ဆောင်း Galaxy S8 နှင့် S8 Plus ကို ရန်ကုန်
မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ဧပြီ ၃ ရက်က မိတ်ဆက်ခဲ့သည်။

အဆိုပါစမတ်ဖုန်းဖြစ်သောS8 မျက်နှာပြင်သည် ၅ ဒသမ ၈ လက်မရှိပြီး S8 Plus မျက်နှာပြင်မှာ
၆ ဒသမ ၂ လက်မရှိရာ ယင်းစမတ်ဖုန်းနှစ်မျိုးစလုံးတွင် Infinity Display ကိုအသုံးပြုထား၍
ဘေးဘောင်ဖျောက်ဒီဇိုင်းဖြင့် ဖန်တီးထားသည်။

အဆိုပါစမတ်ဖုန်းများတွင် လျင်မြန်စွာအသုံးပြုနိုင်သည့် စွမ်းဆောင်ရည်ပေးနိုင်သော 2.3 GHz နှင့်
1.7 GHz Quad Core  နှစ်ခုပေါင်းစပ်ထားသော Octa Core 10nm processor ကိုအသုံးပြု
ထားပြီး ဖုန်း၏လုံခြံုရေးအတွက် လက်ဗွေစနစ်၊ Iris Scan စနစ်နှင့် မျက်နှာအားမှတ်သားထား
သည့်စနစ် (Face Recognition) တို့ဖြစ်သော အဆင့်မြင့်လုံခြံုရေးစနစ်များပါဝင်ကာ Display
တွင်ဖျောက်ထားသည့် Invisible Home Pattern ကိုအသုံးပြုထားသည်။

ထို့ပြင် ရှေ့ကင်မရာ 8MP ထည့်သွင်းထားပြီး F1.7 နှင့် Autofocus ပါဝင်ကာ နောက်ကင်မရာ
သည် 12MP ဖြစ်ပြီး F1.7 နှင့် ီDual Pixel ကို ထည့်သွင်းအသုံးပြုထားသည်။ ယင်းဖုန်းများတွင်
RAM 4GB ကိုအသုံးပြုထားပြီး မန်မိုရီ 64 GB ပါဝင်ကာ Android 7.0 ဖြစ်သည်။ ထို့ပြင် S8
တွင် အချိန်ကြာမြင့်စွာအသုံးခံသည့် 3000mAh ဘက်ထရီကိုအသုံးပြုထား၍ ှS8 Plus တွင်
3500 mAh  ဘက်ထရီကိုအသုံးပြုထားပြီး 4G ကွန်ရက်ကိုထောက်ပံ့ပေးကာ ဆင်းကတ်နှစ်ကတ်
ထည့်သုံးနိုင်မည့်အပြင် ရေစိုဒဏ်နှင့်ဖုန်ဒဏ်များ ခံနိုင်ရည်ရှိစေရန်လည်း ဖန်တီးထားသည်။

ထို့ပြင်မိတ်ဆက်လိုက်သည့် S8 နှင့် S8 Plus မှစတင်ကာ နောက်ထပ်ထွက်ရှိမည့်ဆမ်ဆောင်း
စမတ်ဖုန်းများကိုသုံးစွဲသူများ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ရန် ဘက်ထရီများကို အဆင့်ရှစ်ဆင့်ဖြင့်
စစ်ဆေးမှုပြုများဆောင်ရွက်ကာ ထုတ်လုပ်မည်ဖြစ်ကြောင်း ဆမ်ဆောင်းမြန်မာ၏ Head of IT
and Mobile ဦးဇာနည်ဝင်းထွဋ်က မိတ်ဆက်ပွဲတွင် ပြောသည်။

အဆိုပါ S8 နှင့် ှS8 Plus ကို အနက်ရောင်၊ ရွှေရောင်၊ မီးခိုးရောင်တို့ဖြင့် ထုတ်လုပ်ထားပြီး စျေး
ကွက်တွင် S8 ကို ကျပ် ၁,ဝ၆ဝ,ဝဝဝ ဖြင့်ရောင်းချမည်ဖြစ်ရာ S8 Plus ကိုမူ ကျပ် ၁,၁၉ဝ,ဝဝဝ ဖြင့်
ရောင်းချသွားမည်ဖြစ်သည်။ လက်ရှိတွင် ကြိုတင်မှာယူမှုများကို ဧပြီ ၃ ရက်မှ ၃ဝ ရက်အတွင်း
ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး ၃၆ မြို့ရှိ ဆမ်ဆောင်းအရောင်းပြခန်းများနှင့် အရောင်းမြှင့်တင်
ရေးဆိုင်များတွင် စရန်ငွေငါးသောင်းကျပ်ပေးသွင်းကာ မှာယူနိုင်ပြီဖြစ်သည်။

ကြိုတင်မှာယူသူများသည် မေ ၆ ရက်မှစတင်ကာ ထုတ်ယူနိုင်မည်ဖြစ်ပြီး မေ ၂ဝ ရက်အထိ
ထုတ်ယူခြင်းမရှိပါက စရန်ငွေဆုံးရှုံးမည်ဖြစ်သည်။ ကြိုတင်မှာယူခြင်းအစီအစဉ်ဖြင့် ဝယ်ယူသူများ
သည် ကျပ်တစ်သိန်းတန်ဖိုးရှိ လက်ဆောင်များဖြစ်သော Clear Cover, Screen Protector,
Wireless Charger Stand နှင့်micro USB cable တို့ရရှိမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်