ထိုင်ဝမ်အခြေစိုက် ASRock ကုမ္ပဏီမှ ဂိမ်းဝါသနာရှင်များအတွက် အသစ်ထပ်မံထုတ်လုပ်လိုက်
သော ASRockZ170 Gaming K4 Motherboard ကို KMD အရောင်းစင်တာများတွင် မတ် ၃ဝ
ရက်မှစတင်ကာ ဝယ်ယူနိုင်ပြီဖြစ်သည်။
အဆိုပါ Motherboard တွင် 6th Gen CPU Intel Socket 1151 ၏ Chipset ဖြစ်သော
Z170 Express ကိုအသုံးပြုထားပြီး i7 အထိအသုံးပြုနိုင်သည်။ မန်မိုရီကို Dual Channel DDR4
2133 MHz မှ DDR4 3200(OS) အထိထောက်ပ့ံပေးနိုင်မည့် DIMM Slot 4 ခုပါဝင်ပြီး 64GB
အထိတပ်ဆင်နိုင်မည်ဖြစ်သည်။
ထို့ပြင် ပုံမှန် SATA3 6Gbps port ခြောက်ခုအပြင်နည်းပညာသစ်ဖြစ်သည့် Twin Turbo M2
Port ကိုထည့်သွင်းထားကာ မန်မိုရီ၊ VGA ကတ်၊ Cooling? Internet၊ Audio၊ တို့ကို Gaming
ကာဗာတို့ဖြင့် လုပ်ထားသည်။
အသံကြည်လင်ပြတ်သာမှုနှင့် Surround Sound System ကို အပြည့်အဝခံစားနိုင်မည့် Audio
Boost 3 System ပါရှိပြီး Graphic ကတ်သည် HTMI ကို 4K အထိ လုပ်ဆောင်နိုင်မည်ဖြစ်
သည်။ အဆိုပါ Motherboard ကို စျေးကွက်တွင်အာမခံသုံးနှစ်ဖြင့် ရောင်းချလျက်ရှိပြီး ရောင်း
စျေးမှာ ဒေါ်လာ ၁၃ဝ ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။

















