အိုင်တီအခြေခံအဆောက်အအုံ တိုးတက်ရေးမှာ အားလုံးနှင့်သက်ဆိုင်ဟု ဟွာဝေး တိုက်တွန်းပြောကြား

အိုင်တီအခြေခံအဆောက်အအုံ တိုးတက်ရေးမှာ အားလုံးနှင့်သက်ဆိုင်ဟု ဟွာဝေး တိုက်တွန်းပြောကြား

မြန်မာ့စီးပွားရေးတိုးတက်မှုအတွက် အခြေခံအဆောက်အအုံများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း
တိုးမြှင့်နိုင်ရန် ရည်ရွယ်ကျင်းပသော တတိယအကြိမ်မြောက် Myanmar Infrastructure
Summit ကို ရန်ကုန်မြို့တွင် မတ် ၃ဝ ရက်က ကျင်းပခဲ့ရာ အိုင်တီအခြေခံအဆောက်အအုံများ
ကျယ်ပြန့်စွာပေါ်ထွက်လာရေးမှာ တယ်လီကွန်းလုပ်ငန်းများသာမက လူတိုင်း၏တာဝန်အဖြစ်
သတ်မှတ်သင့်ကြောင်း ဟွာဝေးကုမ္ပဏီက တင်ပြဆွေးနွေးခဲ့သည်။

ဟွာဝေးနက်ဝပ်ဝန်ဆောင်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မစ္စတာလူကန်းရှင်းမှ ကိုယ်စားပြုဆွေးနွေးခဲ့ခြင်း
ဖြစ်ပြီး ဘရော့ဘန်းအခြေခံအဆောက်အအုံသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် အဓိကဖြစ်လာ
ကြောင်းကိုလည်း ထောက်ပြခဲ့သည်။

တယ်လီကွန်းအဆောက်အအုံမဟုတ်သည့် အခြားအခြေခံအဆောက်အုံများကိုပိုင်ဆိုင်သည့်
လျှပ်စစ်၊ မီး၊ ရေ အစရှိဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ရေးအော်ပရေတာများပူးပေါင်း
ဆောင်ရွက်လျှင် သက်သာသည့်စျေးနှုန်းဖြင့် ဘရော့ဘန်းဝန်ဆောင်မှုများကိုပေးပို့နိုင်မည်ဟု
မစ္စတာလူက ဆိုသည်။

လက်ရှိတွင် ဘရော့ဘန်းစျေးနှုန်းများကြောင့် မြန်မာနိုင်ငံသား ၉၅ ရာခိုင်နှုန်းအတွက် အဆိုပါ
ဝန်ဆောင်မှုများမှာ ဇိမ်ခံပစ္စည်းတစ်ခုကဲ့သို့ဖြစ်နေပြီး ဒစ်ဂျစ်တယ်လူမှုအသိုင်းအဝိုင်းအဖြစ်
ပြောင်းလဲရာတွင် အနှောင့်အတားဖြစ်နေသည်ဟု ၄င်းက ပြောကြားခဲ့သည်။

ဆောက်လုပ်ဆဲအဆောက်အအုံသစ်ကို လျှပ်စစ်နှင့်တယ်လီကွန်းထုတ်လွှင့်မှုကြိုးလိုင်းများကို
ပူးပေါင်းထည့်သွင်းပါက ၅ဝ ရာခိုင်နှုန်းခန့် ကုန်ကျစရိတ်သက်သာစေမည်ဖြစ်ပြီး ဆောက်လုပ်ဆဲ
အဆောက်အအုံများတွင် ဘရော့ဘန်းတပ်ဆင်ပါက ဆောက်လုပ်ပြီးမှ ထည့်သွင်းသည်ထက် ၃ဝ
မှ ၅ဝ ရာခိုင်နှုန်းသက်သာစေသောကြောင့် တယ်လီကွန်းဝန်ဆောင်မှုများနှင့် အခြားဝန်ဆောင်မှု
လုပ်ငန်းများပူးပေါင်းဆောင်ရွက်သင့်သည်ဟု မစ္စတာလူက ဆွေးနွေးခဲ့ပါသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်