သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်အတွက် အမ်ပီတီက ကျပ်သိန်း ၂,၁ဝဝ အသုံးပြုမည်

သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်အတွက် အမ်ပီတီက ကျပ်သိန်း ၂,၁ဝဝ အသုံးပြုမည်

နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) သည် ရေရှားပါးသောအရပ်ဒေသများတွင်
ရေအခက်အခဲများကို ကူညီဖြေရှင်းပေးရန် ၄င်းတို့၏သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ်အတွက်
ကျပ်သိန်း ၂,၁ဝဝ ကို အသုံးပြုသွားမည်ဖြစ်ကြောင်း MPT-KSGM အကျိုးတူပူးပေါင်းဆောင်ရွက်မှု၊
အမှုဆောင်အရာရှိချုပ် တိုရှိတခဲအာမမိရက ပြောသည်။

အမ်ပီတီသည် မတ် ၂၉ ရက်က မကွေးတိုင်းဒေသကြီးရှိ ရွာဟောင်းကန်ရွာတွင် ကုန်ကျစရိတ်
၂၃၈ သိန်းကျော် အသုံးပြုထားသော အနက်ပေ ၆ဝဝ (၁၈၂ မီတာ) ရှိသည့် စက်ရေတွင်းတစ်ခု
ကို လှူဒါန်းခဲ့ပြီး ယင်းစက်ရေတွင်းကို အမ်ပီတီသည် နိုင်ငံတကာအဆင့်မီ ရေတွင်း၊ ရေကန်များ
စွာကို တူးဖော်တည်ဆောက်ပေးနေသော ဂျပန်အဖွဲ့အစည်းဖြစ်သည့် BAJ-(Bridge Asia Japan)
ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

''အခုလှူဒါန်းလိုက်တဲ့ စက်ရေတွင်းနဲ့ ရေစုပ်စက်တွေက တစ်နာရီကို ၈,ဝဝဝ လီတာ နှုန်းဝန်းကျင်
နဲ့ မြေအောက်က ရေကောင်းရေသန့်တွေကို ထုတ်ယူပေးနိုင်စွမ်းရှိပါတယ်။ စက်ရေတွင်းတွေကို
ရေရှည်အသုံးပြုနိုင်ဖို့ အထူးပုံစံရေးဆွဲထားတဲ့အတွက် နှစ်အတော်ကြာအောင် ရေထုတ်ယူသုံးစွဲ
နိုင်မှာဖြစ်ပါတယ်''ဟု တိုရှိတခဲအာမမိရက ပြောသည်။

ဆက်လက်ပြီး အမ်ပီတီသည် ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့ (NAG) နှင့်ပူးပေါင်းဆောင်
ရွက်ကာ ယင်းအစီအစဉ်ကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်
တို့အပါအဝင် နေရာပေါင်း ၁ဝ နေရာအထိ ပူပြင်းခြောက်သွေ့သော နွေရာသီမရောက်မီ အပြီး
တူးဖော်ဆောင်ရွက်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်