တယ်လီနောမြန်မာသည် မြန်မာနိုင်ငံအတွက် မြန်မာဘာသာဖြင့်ထုတ်လုပ်ထားသည့် Wow
Box အက်ပလီကေးရှင်းကို မတ် ၃ဝ ရက်က တယ်လီနောရုံးချုပ်တွင် မိတ်ဆက်ခဲ့သည်။
အဆိုပါအက်ပလီကေးရှင်းတွင် ပြည်တွင်းမှသတင်းအကြောင်းအရာများ၊ ပြိုင်ပွဲအစီအစဉ်များနှင့်
အနုပညာသတင်းများကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး ယင်းအက်ပလီကေးရှင်းကို
စမ်းသပ်အသုံးပြုခွင့်ပေးခဲ့သည့် ဖေဖော်ဝါရီမှစတင်ကာ ဂူးဂဲလ်ပလေးစတိုးတွင် ရေပန်းအစားဆုံး
အက်ပလီကေးရှင်းဖြစ်ခဲ့သည်။
သီးသန့်ရေးထားသော အထူးဆောင်းပါးသစ်အနည်းဆုံး ၁ဝ ပုဒ်ကို နေ့စဉ်ဖတ်ရှုနိုင်မည်ဖြစ်ရာ
နှလုံးသားရေးရာ အကြံပေးချက်များ၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ ဟာသများ၊ နေ့စဉ်
သတင်းများနှင့် ဖက်ရှင်အလှအပဆိုင်ရာ အကြံပြုချက်များသည် လူကြိုက်အများဆုံးခေါင်းစဉ်များ
ဖြစ်သည်။
''သုံးစွဲသူတွေက Wow Box ကနေတစ်ဆင့် ပြည်တွင်းသတင်းတွေနဲ့ ဖျော်ဖြေမှုဆိုင်ရာ အချက်
အလက်တွေကို အလွယ်တကူရရှိနေမှာဖြစ်ပါတယ်။ ဒါ့ပြင် တယ်လီနောရဲ့ ဝန်ဆောင်မှုတွေကို
တစ်နေရာတည်းမှာ အလွယ်တကူလေ့လာပြီး ကလစ်တစ်ခါနှိပ်ယုံနဲ့တင် အလွယ်တကူဝယ်ယူ
နိုင်မှာဖြစ်ပါတယ်''ဟု တယ်လီနောမြန်မာ၊ စျေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Joslin Myrthong
က ပြောသည်။
ယင်းအက်ပလီကေးရှင်းအသုံးပြုရန် အကောင့်ဖွင့်ရာတွင် တယ်လီနောနံပါတ်ဖြင့်သာ အကောင့်
ဖွင့်အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားဆင်းကတ်များဖြင့် အသုံးပြုနိုင်မည်မဟုတ်ပေ။ အက်ပလီကေး
ရှင်းတွင် သတင်းအချက်အလက်များ ဖတ်ရှုရန် ဒေတာအသုံးပြုခသည် အခမဲ့ဖြစ်ပြီး အက်ပလီ
ကေးရှင်းမှတစ်ဆင့် တယ်လီနော၏ဝန်ဆောင်မှုများကိုလည်း ဝယ်ယူနိုင်မည်ဖြစ်သည်။
လက်ရှိတွင် WowBox အက်ပလီကေးရှင်းကို ဂူးဂဲလ်စတိုးမှရယူကာ အန်းဒရွိုက်စနစ်သုံး စမတ်
ဖုန်းများတွင်အသုံးပြုနိုင်ပြီး အိုင်အိုအက်စ်အတွက် အသုံးပြုနိုင်မည်မဟုတ်ပေ။WowBox အက်
ပလီကေးရှင်းကို ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတွင် ၄င်းတို့၏ဘာသာစကားတို့ဖြင့် မိတ်ဆက်
ပေးထားပြီး သုံးစွဲသူရှစ်သန်းကျော်ရှိသည်။

















