ပြည်ပဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် အူရီဒူးမြန်မာကုမ္ပဏီသည် Beyond Access
Myanmar စီမံကိန်းဖြင့် စာကြည့်တိုက်ပေါင်း ၉ဝ တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ပညာသင်ကြားပေး
နိုင်ရန် သင်ထောက်ကူပစ္စည်းများနှင့်တကွ အခမဲ့ အင်တာနက်ချိတ်ဆက်မှုကို ပ့ံပိုးကူညီမည်ဟု
ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။
အူရီဒူးမြန်မာသည် ဒစ်ဂျစ်တယ်စနစ်ဖြင့် ပညာသင်ကြားပေးနိုင်မည့် စာကြည့်တိုက်များကို ၂ဝ၁၄
ခုနှစ်တွင် စတင်ကူညီပံ့ပိုးခဲ့သည်။ ပြည်သူ့စာကြည်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်
ဆောင်နေသည့် ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်သော Myanmar Book Aid and Preservation
Foundation (MBAPF)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာပညာရေးကဏ္ဍတိုးတက်မှုအတွက်
နည်းစနစ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးနေသည့် အမေရိကန်အခြေစိုက် IREX ပူးပေါင်းကာ
အများပိုင်စာကြည်တိုက် ၅၅ ခုတွင် အခမဲ့အင်တာနက် ချိတ်ဆက်ခြင်းအပါအဝင် သင်တန်းပေး
ခြင်းများကို အူရီဒူးမြန်မာက ကူညီပ့ံပိုးခဲ့သည်။
ထပ်မံ၍ စာကြည့်တိုက် ၃၅ ခုတွင် ကွန်ပျူတာများ၊ တက်ဘလက်များနှင့် အင်တာနက်ချိတ်ဆက်မှု
များကို အခမဲ့တစ်နှစ်အတွင်း ဆက်လက်ကူညီပံ့ပိုးပေးမည့်အပြင် သင်တန်းများပို့ချရန် MBAPF
နှင့် နားလည်မှုစာချွန်လွှာအသစ် ထပ်မံရေးထိုးပြီးဖြစ်သည်။
အထက်ပါ စီမံကိန်းစတင်ခဲ့သည် နှစ်နှစ်တာကာလအတွင်း ဒစ်ဂျစ်တယ်ပညာရေးဖြင့် လူပေါင်း
၂,ဝဝဝ ကျော်ကို သင်ကြားပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း လူဦးရေတစ်သိန်းကျော်ကို ထပ်မံသင်
ကြားပေးနိုင်ရန် အူရီဒူးမြန်မာက မျှော်မှန်းထားသည်။ အဆိုပါ စာကြည်တိုက် ၉ဝ အတွက် အူရီဒူး
မြန်မာသည် အမေရိကန်ဒေါ်လာ သုံးသိန်းကျော် အသုံးပြုထားသည်ဟု အူရီဒူးမြန်မာတာဝန်ရှိသူ
တစ်ဦးက ပြောသည်။
















