ဆက်သွယ်ရေး ကြီးကြပ်မှုကော်မရှင် ဥပဒေမူကြမ်း အကြံပြုရန် ဖိတ်ခေါ်

ဆက်သွယ်ရေး ကြီးကြပ်မှုကော်မရှင် ဥပဒေမူကြမ်း အကြံပြုရန် ဖိတ်ခေါ်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံဆက်သွယ်ရေး ကြီးကြပ်မှုကော်မရှင်
(Myanmar Communications Regulatory Commission- MCRC) ဥပဒေမူကြမ်းအတွက်
အများပြည်သူများ အကြံပြုနိုင်ရန် ဧပြီ ၅ ရက်မှစတင်ဖိတ်ခေါ်ထားသည်။

၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၁) အဖြစ်ပြဋ္ဌာန်းခဲ့
သော ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၈၆ အရ ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးဦး ဦးဆောင်
သည့် လွတ်လပ်သော မြန်မာနိုင်ငံဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင်တစ်ရပ် ပေါ်ထွက်လာစေ
ရေးအတွက် ဥပဒေမူကြမ်းရေးဆွဲထားရာ အများပြည်သူမှ အကြံပြုချက်များပေးပို့နိုင်ရန် ဖိတ်ခေါ်
ခြင်းဖြစ်သည်။

အဆိုပါကော်မရှင်ရှိလာပါက ဆက်သွယ်ရေးကဏ္ဍ ဝန်ဆောင်မှုပေးရာတွင် ပိုမိုလွတ်လပ်မှုရှိလာ
မည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှူးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမျိုးဆွေက
ပြောသည်။

''ဒီကော်မရှင်ဖြစ်လာရင်တော့ ပိုပြီးလွတ်လပ်တဲ့ဆက်သွယ်ရေးကဏ္ဍဖြစ်မှာပါ။ ဝန်ကြီးဌာနအနေ
နဲ့က ပေါ်လစီပိုင်းလောက်ဘဲ ကိုင်တွယ်တော့မှာပါ။ တခြား ဆက်သွယ်ရေး အော်ပရေတာတွေနဲ့
ပတ်သက်တဲ့ ချမှတ်ပေးရမယ့်ဆုံးဖြတ်ချက်တွေကို ကော်မရှင်အဖွဲ့ကပဲ ဆုံးဖြတ်ပေးသွားမှာပါ''ဟု
၄င်းက ပြောသည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေး ကြီးကြပ်မှုကော်မရှင်ဥပဒေ(မူကြမ်း)ကို တရားဝင်အင်တာနက်စာမျက်
နှာတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်