အွန်လိုင်းတွင်ရုပ်ရှင်ကြည့်ရှုနိုင်သည့် iflix အက်ပလီကေးရှင်းကို အသုံးပြုသူများသည် ဧပြီ ၂ဝ
ရက်မှစ၍ လစဉ်ကြေး၊ နှစ်စဉ်ကြေးများကို Red Dot ကွန်ရက်မှတစ်ဆင့် ငွေသွင်း၍ ရုပ်ရှင်
ဇာတ်ကားများကို ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း iflix မြန်မာထံမှ သိရသည်။
အဆိုပါ အက်ပလီကေးရှင်းအသုံးပြုခ လစဉ်ကြေး ကျပ် ၃,ဝဝဝ ပေးသွင်း၍လည်းကောင်း၊
နှစ်စဉ်ကြေး ကျပ် ၃ဝ,ဝဝဝ ပေးသွင်း၍လည်းကောင်း ရုပ်ရှင်ဇာတ်ကားများကို အကန့်အသတ်မဲ့
ကြည့်ရှုခွင့်ရရှိမည်ဖြစ်သည်။ လစဉ်ကြေးနှင့် နှစ်စဉ်ကြေးပေးသွင်းမှုကို ပြည်တွင်း၌ အီလက်
ထရွန်းနစ်မိုဘိုင်း ငွေပေးချေနိုင်သော Red Dot ၏ဆိုင်ပေါင်း ၁၄,ဝဝဝ ကျော်တွင် ပေးသွင်းနိုင်
မည်ဖြစ်သည်။
အဆိုပါအက်ပလီကေးရှင်းတွင် သီးသန့်ရှိုးများ၊ ဆုရရုပ်သံစီးရီးများ၊ လူကြိုက်များသည့်ရုပ်ရှင်များ၊
ရေပန်းစားသည့် ပြည်တွင်းရုပ်ရှင်များ၊ ကလေးများအတွက် အစီအစဉ်များနှင့် အခြားသောအရာ
များကိုစုစည်းထားသည့် Library ကို ဇော်ဂျီ၊ မြန်မာယူနီကုတ် စာတန်းထိုးများဖြင့် ကြည့်ရှုနိုင်မည်
ဖြစ်ပြီး လက်ရှိတွင် အက်ပလီကေးရှင်းအသုံးပြုသူ ရဝ,ဝဝဝ ကျော်ရှိနေပြီဖြစ်ကြောင်း iflix
မြန်မာ၏ လူမှုဆက်ဆံရေးနှင့် ဆက်သွယ်ရေးမန်နေဂျာ ဦးကျော်ဇင်ထွန်းက ပြောသည်။
ယင်းအက်ပလီကေးရှင်းကို အသုံးပြုလိုပါက www.iflix.com တွင် အကောင့်မှတ်ပုံတင်ကာ
အသုံးပြုနိုင်သကဲ့သို့ ဂူးဂဲလ်ပလေးစတိုး၊ အက်ပဲလ်စတိုးများတွင် ဒေါင်းလုတ်လုပ်ကာ အသုံးပြု
နိုင်မည်ဖြစ်သည်။ အဆိုပါ အက်ပလီကေးရှင်းကို ပါကစ္စတန်၊ ဗီယက်နမ်၊ မြန်မာနိုင်ငံအပါအဝင်
အရှေ့တောင်အာရှ ၁ဝ နိုင်ငံတွင်အသုံးပြုနိုင်ပြီး iflix သည် MENA (အရှေ့အလယ်ပိုင်းနှင့် မြောက်
အာဖရိက) ဒေသများတွင် ဝန်ဆောင်မှုပေးရန် iflix အာရေးဘီးယားကို အရှေ့အလယ်ပိုင်းဒေသ၏ မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် Zain နှင့်ပူးတွဲလုပ်ကိုင်မည်ဖြစ်သည်။
















