ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် တယ်လီဖုန်းကိရိယာနှင့် ဆက်စပ်ပစ္စည်း
များ ရောင်းဝယ်ခွင့်လိုင်စင်နှင့် စမ်းသပ် ပြသခွင့်လိုင်စင် လာရောက်လျှောက်ထားသော
ကုမ္ပဏီများကို ဆက်သွယ်ရေး ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း ဆက်သွယ်
ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူ းချုပ် ဦးမျိုးဆွေက ပြောသည်။
အဆိုပါ လိုင်စင်ရရှိထားသူသည် ပြည်ပမှ တယ်လီဖုန်းကိရိယာနှင့် ဆက်စပ်ပစ္စည်းများ
တင်သွင်းခွင့်၊ ရောင်းချခွင့်၊ စမ်းသပ်ပြသခွင့်များရရှိမည် ဖြစ်ကြောင်း ¤င်းက ပြောသည်။
''လိုင်စင်ကို ဆက်သွယ်ရေးဥပဒေ၊နည်းဥပဒေနဲ့အညီ စိစစ်ပြီးတော့ ထုတ်ပေးနေပါတယ်။
ဒီလိုင်စင်ကိုရတဲ့ ကုမ္ပဏီတွေက ပြည်ပကနေ တယ်လီဖုန်းကိရိယာ ဆက်စပ်ပစ္စည်းတွေကို
တင်သွင်းခွင့်၊ ရောင်းချခွင့်နဲ့ စမ်းသပ်ပြသခွင့်ရပါမယ်''ဟု ၄င်းက ပြောသည်။
ဝန်ကြီးဌာနသည် အဆိုပါလိုင်စင်ကို ကုမ္ပဏီပေါင်း ၁၄ဝ ကျော်သို့ စိစစ်ကာ ထုတ်ပေးပြီး
ဖြစ်ကြောင်းနှင့် ဆက်လက်လျှောက်ထားလာသောကုမ္ပဏီများကို စိစစ်ကာ လိုင်စင်ထုတ်
ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။
















