တယ်လီနောမြန်မာက အလုပ်သင်ဝန်ထမ်းများကို တစ်နှစ်နှစ်ကြိမ် လေ့ကျင့်ပေးမည်

တယ်လီနောမြန်မာက အလုပ်သင်ဝန်ထမ်းများကို တစ်နှစ်နှစ်ကြိမ် လေ့ကျင့်ပေးမည်

တယ်လီနောမြန်မာသည် ယခုနှစ်မှစတင်ကာ တစ်နှစ်လျှင် နှစ်ကြိမ် အလုပ်သင်
ဝန်ထမ်းများကို လက်ခံကာလေ့ကျင့်ပေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း 
တယ်လီနောမြန်မာက ဧပြီ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ယခုနှစ်အတွက် ပထမအကြိမ် အလုပ်သင်ဝန်ထမ်း လက်ခံမှုကို အစိုးရနှင့် ပုဂ္ဂလိက
တက္ကသိုလ် / ကောလိပ်များမှ ကျောင်းပြီးစနှင့် တက်ရောက်ဆဲ ကျောင်းသား၊
ကျောင်းသူ ၁၃ ယောက်ကို ရွေးချယ်ထားပြီး မေလဆန်းမှစတင်ကာ အလုပ်
ခွင်ဝင်ရောက်ကြရမည်ဖြစ်သည်။

အဆိုပါ အလုပ်သင်အစီအစဉ်တွင် တယ်လီနော၏ နည်းပညာ၊ စျေးကွက်ဖော်ဆောင်
ရေးနှင့် လူမှုအကျိုးပြု အစီအစဉ် လုပ်ငန်းကဏ္ဍများကို လေ့လာသင်ယူကြရမည့်အပြင်
တယ်လီနော လုပ်ငန်းစုနှင့် အလုပ်လုပ်ကိုင်သည့် နည်းစနစ်များကို မိတ်ဆက်ပြောကြားခြင်း၊
လုပ်ငန်းဆိုင်ရာကျင့်ဝတ်စည်းမျဉ်းအကြောင်းနှင့် လုပ်ငန်းခွင်အတွင်း အချက်အလက်
လုံခြံုမှုရေးရာများကို ရှင်းလင်းပြောကြားခြင်း၊ အလုပ်သင်ဝန်ထမ်းများသည် သင်တန်း
ကာလအတွင်း သင်ယူလေ့လာနိုင်မည့် အခွင့်အရေးများနှင့် လက်တွေ့လုပ်ငန်းခွင်
အတွေ့အကြံုများကို ရရှိအောင် ဆောင်ရွက်သင့်သည်များကို လမ်းညွှန်ပေးခြင်းများကို
လေ့ကျင့်သင်ကြားပေးမည် ဖြစ်သည်။

ပထမအကြိမ် အလုပ်သင်အစီအစဉ်အတွက် ပါဝင်နိုင်မည့် ကျောင်းသား၊ကျောင်းသူများကို
မတ်လနှင့် ဧပြီလအတွင်း ရွေးချယ်ပေးခဲ့ပြီး ဒုတိယအကြိမ်အတွက် ကျောင်းသား၊
ကျောင်းသူရွေးချယ်မှုကို သြဂုတ်လနှင့် စက်တင်ဘာလတွင် ရွေးချယ်မှုများ ဆောင်ရွက်
သွားမည်ဖြစ်သည်။ ထို့ကြောင့် ဒုတိယအလုပ်သင်အစီအစဉ်တွင် ပါဝင်လိုသူများသည်
စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး လျှောက်လွှာများကို [email protected]
သို့ ပေးပို့လျှောက်ထားနိုင်မည်ဖြစ်သည်။

ယင်းအစီအစဉ်အတွက် သတင်းအချက်အလက်နှင့် နည်းပညာ၊ကွန်ပျူတာ သိပ္ပံ၊ ကွန်ပျူတာ
နည်းပညာ၊ အီလက်ထရောနစ် နှင့် လျှပ်စစ်ဆိုင်ရာ အင်ဂျင်နီယာ၊ စီးပွားရေးစီမံခန့်ခွဲမှု၊
လူ့အရင်းအမြစ် စီမံခန့်ခွဲမှု၊ လူထုဆက်ဆံရေးရာနှင့် ဆက်သွယ် ပြန်ကြားရေးရာ
စသည့် ဘာသာရပ်များကို အဓိကပြုထားသည့် ကျောင်းပြီးစနှင့် တက်ရောက်ဆဲ
ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်သည်။

တယ်လီနောမြန်မာသည် အလုပ်သင်အစီအစဉ်ကို ၂ဝ၁၆ ခုနှစ်မှစတင်ကာ
တက္ကသိုလ်/ကောလိပ် ခြောက်ခုမှ အလုပ်သင် ၂၆ ဦးကို ရွေးချယ်လက်ခံကာ
လေ့ကျင့်ပေးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်