ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့သော ကုမ္ပဏီ ၁၂ဝ ကျော် ရှိလာ

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့သော ကုမ္ပဏီ ၁၂ဝ ကျော် ရှိလာ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ၂ဝ၁၄ ခုနှစ်မှစတင်ကာ ဆက်သွယ်ရေး
ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လာရောက်လျှောက်ထားသူများကို ဆက်သွယ်ရေးဥပဒေ၊ 
နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်၍ လိုင်စင်များကို ထုတ်ပေးခဲ့ရာ ၂ဝ၁၇ ခုနှစ်၊
ဧပြီ ၁၁ ရက်အထိ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၁၂ဝ ကျော်ကို လိုင်စင်များပေးအပ်ပြီး
ဖြစ်ကြောင်း ဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

ထိုသို့ထုတ်ပေးခဲ့သော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များမှာ Nation-wide
Telecommunication လိုင်စင်၊ Net-work Facilities Services (Individual) လိုင်စင်၊
Network Service လိုင်စင်၊ Network Facilities Services (Class) လိုင်စင်နှင့်
Application Service လိုင်စင်တို့ဖြစ်သည်။

ထို Nationwide Telecommunication လိုင်စင်ကို ပြည်တွင်းကုမ္ပဏီနှစ်ခု၊ ပြည်ပကုမ္ပဏီ
နှစ်ခု၊ Network Facilities Services (Individual) လိုင်စင်ကို ပြည်တွင်းကုမ္ပဏီ ၃၃ ခု၊
ပြည်ပကုမ္ပဏီ ၁၁ ခု၊ Network Service လိုင်စင်ကို ပြည်တွင်းကုမ္ပဏီ ၁ဝ ခု၊ ပြည်ပကုမ္ပဏီ
ခြောက်ခု၊ Network Facilities Services (Class) လိုင်စင်ကို ပြည်တွင်းကုမ္ပဏီ ၂၄ ခု၊
ပြည်ပကုမ္ပဏီ ၁၅ ခုနှင့် Application Service လိုင်စင်ကို ပြည်တွင်းကုမ္ပဏီ ၁၆ ခုနှင့် ပြည်ပ
ကုမ္ပဏီလေးခုတို့ကို အသီးသီးထုတ်ပေးခဲ့ပြီးဖြစ်သည်။

ထို့သို့လိုင်စင်များထုတ်ပေးခဲ့ရာ ဧပြီ ၁၁ ရက်အထိ ပြည်တွင်းကုမ္ပဏီ ၈၄ ခု၊ ပြည်ပကုမ္ပဏီ
၃၈ ခု စုစုပေါင်း ကုမ္ပဏီ ၁၂၂ ခုကို ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များ ထုတ်ပေး
ခဲ့ပြီးဖြစ်သည်။

ထိုနည်းတူ ဝန်ကြီးဌာနသည် ဆက်လက်လျှောက်ထားသော ပြည်တွင်း ပြည်ပကုမ္ပဏီများကို
စိစစ်၍ လိုင်စင်များ ထုတ်ပေးနိုင်ရန်ဆောင်ရွက်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်