Free to Play
အမျု-ိးအစား- - RTS, RPG, MOBA
ထုတ်လုပ်သူ - R2 Games
ပလက်ဖောင်း - Android, iOS, PC, Steam
အရွယ်အစား - 400MB
လက်ရှိ ပြည်တွင်းမိုဘိုင်း Gamer တွေလက်ထဲမှာ ခေတ်စားလာတာကတော့ MOBA
အမျိုးအစားဂိမ်းတစ်ခုဖြစ်တဲ့ Mobile Legend ဂိမ်းပါ။ လူမှုကွန်ရက်တွေပေါ်မှာလည်း
နေ့စဉ်နဲ့အမျှ မိန်းကလေးတွေပါ ဆော့ကစားနေကြတာကိုတွေ့ရမှာ ဖြစ်ပါတယ်။
အခုဖော်ပြချင်တာကတော့ Mobile Legend ဂိမ်းနဲ့ အမျိုးအစားချင်းတူညီတဲ့
Heroes Evolved ပဲဖြစ်ပါတယ်။
ထုတ်လုပ်သူဖြစ်တဲ့ R2 Games ဟာဟောင်ကောင်အခြေစိုက်ဂိမ်းစတူဒီယိုတစ်ခုဖြစ်ပြီး
အရင်က မိုဘိုင်းခေတ်မတိုင်ခင်မှာ အင်တာနက် ဘရောက်ဆာပေါ်ကနေ ကစားရတဲ့
browser-based ဂိမ်းအများအပြားကို ထုတ်လုပ်ခဲ့သူပါ။ မိုဘိုင်းခေတ်ရောက်တော့လည်း
နောက်ထပ်ဂိမ်းတွေထုတ်လုပ်ခဲ့ပေမဲ့ အခု Heroes Evolved ကိုရောက်မှ ီDownload
ဆွဲယူမှု တစ်သန်းကျော်ရောက်ခဲ့ပြီး အောင်မြင်မှု ကြီးကြီးမားမားရခဲ့တာဖြစ်ပါတယ်။
Heroes Evolved ရဲ့ထူးခြားချက်က လှပတဲ့ ဂရပ်ဖစ်ပုံရိပ်တွေကို အသုံးပြုထားပေမဲ့
အပေါ့စားဂိမ်းအရွယ်အစားသာ ဖြစ်သလို မိုဘိုင်းမှာသာမကဘဲ Steam ပလက်ဖောင်း
ပေါ်မှာပါ ကစားနိုင်သလို Smite တို့လို ကိုယ်ပိုင် PC Client ကိုပါ ဆွဲယူ
ကစားနိုင်တာဖြစ်ပါတယ်။
Gameplay ကတော့ MOBA တွေရဲ့ထုံးစံအတိုင်း လမ်းကြောင်းသုံးခုပါတဲ့ ပုံမှန်
3-lane map ပေါ်မှာ တစ်ဖက်ကို ကစားသမားငါးယောက်စီ ယှဉ်ပြိုင်ကစားပြီး
တစ်ဖက်စခန်းကို တိုက်ခိုက်ဖျက်ဆီးအနိုင်ယူရတဲ့ ပုံစံပါပဲ။ မိုဘိုင်းဂိမ်းဖြစ်တဲ့အပြင်
Free to Play လည်းဖြစ်တော့ ငွေပေးပြီးကစားတဲ့သူတွေက အသာစီးရနေမယ့် Pay
to Win ပုံစံဖြစ်ခဲ့ရင် ဒီဂိမ်းရဲ့ရသပျက်စီးသွားနိုင်တဲ့အတွက် ကစားသူတွေကို Pay
to Win မဟုတ်ကြောင်း R2 Games က အာမခံထားပါတယ်။
ကစားသူတွေက ရွေးချယ်စရာ ဟီးရိုးပေါင်း ၃ဝ ကျော်ကနေ ရွေးချယ်ပြီး ကစားရမှာပါ။
ထုံးစံအတိုင်း ဟီးရိုးအသစ်တွေကိုလည်း update တွေထွက်လာရင် ထပ်ပေါင်းပေး
သွားမှာပေါ့။ control စနစ်ကလည်းပုံမှန်မိုဘိုင်း MOBA စတိုင်ပဲဖြစ်ပြီး တိကျစွာ
အသုံးပြုချင်ရင် ဖုန်းမျက်နှာပြင်ကိုထောက်ပြီး သုံးနိုင်ပါတယ်။ ဒါ့အပြင် ဟီးရိုးတွေ
အတွက် item ဝယ်ယူတဲ့ပုံစံကို ကိုယ့်စိတ်ကြိုက်ပြောင်းလဲထားပြီး သူများနဲ့
မတူတဲ့ပုံစံနဲ့ ဆော့ကစားနိုင်မှာပါ။
မိုဘိုင်း MOBA တွေဟာ အွန်လိုင်းမာလ်တီပလေယာဂိမ်းအကြီးတွေကို အချိန်ပေး
မဆော့နိုင်လို့ ရောက်လေရာမှာ တစ်မိနစ်ခန့် match making အချိန်ပေးပြီး ၁၅
မိနစ်လောက်နဲ့ အပြီးကစားချင်တဲ့သူတွေအတွက် အင်မတန်အသုံးဝင်လို့ နောက်ပိုင်းမှာ
ဆော့ကစားမှုတွေ များပြားလာခဲ့ပါပြီ။ Heroes Evolved ဟာဆိုရင် လက်ရှိလူကြိုက်
များနေတဲ့ ဂိမ်းနဲ့ပုံစံချင်းဆင်တူပြီး ယုံကြည်ရတဲ့ ဂိမ်းထုတ်လုပ်သူတစ်ဦးက ထုတ်လုပ်
ထားတာဖြစ်ပါတယ်။ ဒါကြောင့် အသစ်အဆန်းပြောင်းလဲကစားချင်သူတွေ
အဆင်ပြေမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။

















