ခေတ်မီအိတ်ချိန်းစက် လဲလှယ်မည်

ခေတ်မီအိတ်ချိန်းစက် လဲလှယ်မည်

နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)သည် အော်တိုတယ်လီဖုန်းများကို 
ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများပေးနိုင်ရန် ခေတ်မီအိတ်
ချိန်းစက်များ လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း အမ်ပီတီက ဧပြီ ၂၈ ရက်တွင် သတင်း
ထုတ်ပြန်ထားသည်။

ထိုသို့ အိတ်ချိန်းစက်များ လဲလှယ်ခြင်းကြောင့် ဂဏန်းခုနစ်လုံးပါရှိသည့် အော်တိုတယ်လီ
ဖုန်းနံပါတ်အသစ်များ ပြောင်းလဲသွားမည်ဖြစ်သည့်အတွက် ပြောင်းလဲစဉ်ကာလအတွင်း
တွင် ဆက်သွယ်မှု အဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ၂ဝ၁၇ ခုနှစ်၊ သြဂုတ်
လအကုန်အထိ အခမဲ့ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်
ကာလအတွင်း လက်ရှိနံပါတ် (သို့)နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည်ဖြစ်သည်။

နံပါတ်ပြောင်းလဲရာတွင် ဥပမာ နံပါတ်ဟောင်း ဝ၆၅၂ဝ၂၇xxx အစား နံပါတ်အသစ်
ဝ၆၅၂ဝ၂၇xxx သို့လည်းကောင်း၊ဝ၅၇၆ဝxxx မှ ဝ၅၇၂ဝ၆ဝxxx သို့ ပြောင်းလဲသွာ
းမည်ဖြစ်သည်။ ပြောင်းလဲတပ်ဆင်ရာတွင် မကွေးတိုင်းဒေသကြီး စေတုတ္တရာKY-1000
အိတ်ချိန်း၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ရှိ ညောင်လေးပင် KY-1000
အိတ်ချိန်းနှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထို KY-1000 အိတ်ချိန်းများကို
မေ ၁၉ ရက်တွင် ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်သည်။

ထို့အတူ နေပြည်တော်၊ ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊
စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ အိိတ်ချိန်းများကို မေ ၃၁
ရက်တွင် ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်