အမေရိကန်နိုင်ငံအခြေစိုက် အိုင်တီကုမ္ပဏီတစ်ခုဖြစ်သည့် Vertiv ကုမ္ပဏီက ထုတ်လုပ်
သော ကွန်ပျူတာဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲနှင့် ကွန်ပျူတာကွန်ရက်ဆိုင်ရာ နည်းပညာထုတ်ကုန်
များကို ပြည်တွင်းရှိ KMD ကုမ္ပဏီနှင့်ပူးပေါင်းကာ စျေးကွက်သို့ ဖြန့်ချိရောင်းချပေးနေပြီဖြစ်
ကြောင်း KMD ကုမ္ပဏီမှသိရသည်။
ထိုသို့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အိုင်တီနှင့်ကွန်ပျူတာပစ္စည်းများ လျှပ်စစ်အားြ့ပတ်
တောက်မှုမရှိအောင် တာဝန်ယူပေးမည့် အွန်လိုင်းယူပီအက်စ်တစ်မျိုးဖြစ်သည့်
Liebert GXT4 အမျိုးအစား၊ ဒေတာစင်တာများတွင် အပူချိန်လွန်ကဲမှုနှင့် စိုထိုင်းဆမြင့်
မားမှုများကို ထိန်းသိမ်းပေးနိုင်မည့် Liebert CRV အမျိုးအစား heat management system
တို့ကို ရောင်းချပေးသွားမည်ဖြစ်သည်။
ထို့ပြင် ဒေတာစင်တစ်ခုတွင်ရှိသည့် ကွန်ပျူတာကွန်ရက် အမျိုးမျိုးကို စီမံခန့်ခွဲပေးနိုင်မည့်
Avocent Universal Management Gateway စနစ်အစရှိသည်တို့ကို ပြည်တွင်းရှိဘဏ်
များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးရုံများ
အတွက်လည်း ဝန်ဆောင်မှုအပြည့်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည့်အပြင် ကွန်ပျူတာ
ကွန်ရက်များ လုံခြံုစိတ်ချရပြီး အသုံးပြုရ အဆင်ပြေစေမည့် Vertiv Smart Cabinet များကို
လည်း ဖြန့်ချိပေးသွားမည်ဖြစ်သည်။
ယင်းကဲ့သို့ မိတ်ဖက်အဖွဲ့အစည်း တည်ဆောက်နိုင်ခြင်းကြောင့် အိုင်တီနည်းပညာ
နယ်ပယ်တွင် စျေးကွက်ရှာဖွေရေး အစီအစဉ်များ၊ ရောင်းအားတိုးမြှင့်ရေးနည်းလမ်းများနှင့်
နည်းပညာဝန်ဆောင်မှုသင်တန်း အစီအစဉ်များကို KMD ရရှိမည်ဖြစ်သည်။
အဆိုပါ Vertiv ကုမ္ပဏီသည် ဒေတာစင်တာများ၊ ဆက်သွယ်ရေးကွန်ရက်များ၊ စီးပွားရေး
လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများတွင် အိုင်တီအခြေခံများ တည်ဆောက်ခြင်းရာတွင်
အမှားအယွင်းမရှိစေရန် အိုင်တီအခြေခံလုပ်ငန်းဖွဲ့စည်းမှု ဒီဇိုင်းရေးဆွဲခြင်း၊ တွက်ချက်
တည်ဆောက်ပေးခြင်း၊ လိုအပ်သော ဆော့ဖ်ဝဲများနှင့် ဝန်ဆောင်မှုှုများပေးခြင်းများကို
လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မိုဘိုင်းနှင့် Cloud ဝန်ဆောင်မှုစျေးကွက်အတွက် ASCO, Chlorid, Liebert,
NetSure and Trellis အမှတ်တံဆိပ်များ အပါအဝင် လျှပ်စစ်အား အပူချိန်နှင့် စိုထိုင်းဆ
ထိန်းချုပ်မှု ကွန်ပျူတာကွန်ရက်ဆိုင်ရာ စီမံခန့်ခွဲရေးဖြေရှင်းချက်များကို တာဝန်ယူဆောင်
ရွက်ပေးလျက်ရှိရာ ၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွက် အရောင်းပမာဏ ၄ ဒသမ ၄ ဘီလျံကို
လည်း Vertiv ရရှိခဲ့သည်။
















