ကျေးလက်ဒေသတွင် ဒစ်ဂျစ်တယ် နည်းပညာတတ်ကျွမ်းမှု မြင့်မားလာစေရန် ပြည်ပအော်
ပရေတာများ ဖြစ်ကြသည့် တယ်လီနောမြန်မာနှင့် အူရီဒူးမြန်မာက ဒစ်ဂျစ်တယ်ပညာ
သင်ကြားရေးသင်တန်းများ ဖွင့်လှစ်သွားမည်ဟု အဆိုပါကုမ္ပဏီများထံမှ သိရသည်။
ဒစ်ဂျစ်တယ်ပညာသင်တန်းများကို တယ်လီနောမြန်မာက ၂ဝ၁၈ ခုနှစ်မကုန်မီ
အလင်းအိမ်ပေါင်း ၂ဝဝ တွင် ဖွင့်လှစ်ပေးသွားရန် ရည်ရွယ်ထားပြီး၊ အူရီဒူးမြန်မာသည်
ပြည်တွင်းရှိ စာကြည့်တိုက်ပေါင်း ၉ဝ တွင် သင်ကြားပေးရန် ရည်ရွယ်ထားသည်ဟု
ဆိုသည်။ တယ်လီနောမြန်မာ၏ ပထမအကြိမ် ဆရာဖြစ်သင်တန်းကို အိုင်စီတီအဖွဲ့
(MIDO)၊ ကယားနှင့် မန္တလေးရှိ တယ်လီနော အလင်းအိမ်စင်တာ လုပ်ငန်းရှင်များ
ပူးပေါင်းကာ ဧပြီလအတွင်း ဖွင့်လှစ်ခဲ့သည်။
ဆရာဖြစ်သင်တန်းတွင် ကယားပြည်နယ်မှ လူငယ် ၁ဝ ဦး တက်ရောက်လျက်ရှိပြီး
စာသင်ကြားမှု အရည်အသွေးများ တိုးတက်စေရန် စာသင်ကြားမှုများ မိတ်ဆက်ပေးခြင်း
နှင့် ဒစ်ဂျစ်တယ်နည်းပညာ နားလည်တတ်ကျွမ်းမှု မြင့်မားစေရန် လေ့ကျင့်သင်ကြားပေး
မည်ဖြစ်သည်။
အူရီဒူးမြန်မာက ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပညာသင်ကြားပေးနိုင်မည့်
စာကြည့်တိုက်များကို ကူညီပံ့ပိုးပေးခဲ့ပြီး၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး
ဆောင်ရွက်နေသည့် MBAPF ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အမေရိကန်အခြေစိုက်
IREX တို့နှင့်ပူးပေါင်းကာ စာကြည်တိုက် ၅၅ ခုတွွင် ကွန်ပျူတာဆက်စပ်ပစ္စည်းလှူဒါန်း
ခြင်းနှင့် အခမဲ့အင်တာနက် ချိတ်ဆက်ပေးကာ သင်တန်းများ ပေးခဲ့သည်။
အူရီဒူးမြန်မာသည် ၂ဝ၁၄ ခုနှစ်မှစတင်ကာ နှစ်နှစ်အတွင်း လူပေါင်း ၂,ဝဝဝ ကျော်ကို
ဒစ်ဂျစ်တယ်ပညာရေး သင်ကြားပေးနိုင်ခဲ့ပြီး လူဦးရေ တစ်သိန်းကျော်ကို ထပ်မံသင်ကြား
ပေးနိုင်ရန် မျှော်မှန်းထားသည်။

















