မျက်နှာအမူအရာနဲ့ အသက်အရွယ်သာမက ဆန့်ကျင်ဘက်လိင်ပါ ပြောင်းနိုင်တဲ့ FaceApp

မျက်နှာအမူအရာနဲ့ အသက်အရွယ်သာမက ဆန့်ကျင်ဘက်လိင်ပါ ပြောင်းနိုင်တဲ့ FaceApp

အခုတလော လူမှုကွန်ရက်တွေမှာ ခေတ်စားနေတဲ့ ဓာတ်ပုံပြုပြင် မိုဘိုင်းအက်ပလီကေး
ရှင်းတစ်ခုကတော့ Faceapp ပဲဖြစ်ပါတယ်။

Faceapp ဟာ အခမဲ့ရရှိနိုင်တဲ့ မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုဖြစ်ကာ မိမိဖုန်းထဲက
ပုံတွေ၊ သို့မဟုတ် ကိုယ်ရိုက်လိုက်တဲ့ ဆယ်လ်ဖီပုံကို Artificial Intelli-gence နည်းပညာ
အသုံးပြုပြီး အသက်အရွယ်၊ မျက်နှာအမူအရာနဲ့ ဆန့်ကျင်ဘက်လိင်အဖြစ်ကိုပါ ပြောင်းလဲ
ကြည့်လို့ ရပါတယ်။ ပြောရရင် ယောကျ်ားသားများက ကိုယ်သာ မိန်းမတစ်ယောက်ဖြစ်ခဲ့
မယ်ဆိုရင် ဖြစ်လာနိုင်တဲ့မျက်နှာကို တွေ့ရှိရမှာဖြစ်ပြီး မိန်းကလေးတွေက ယောကျ်ားလေး
မျက်နှာမျိုးကို ဖန်တီးလို့ရမှာပါ။

ဖေဖော်ဝါရီ ၁၅ ရက်မှာစတင်ပြီး ဂူးဂဲလ်ပလေးစတိုးပေါ်ရောက်လာတဲ့ FaceApp  ကို
ထုတ်လုပ်သူက Wireless Lab ဖြစ်ပါတယ်။ အသုံးပြုသူက ကြိုက်တဲ့ဓာတ်ပုံကိုထည့်
လိုက်ပြီးရင် ကလေးအရွယ်၊ သက်ကြီးရွယ်အို၊ ပြံုးနေတဲ့ပုံ၊ ဆန့်ကျင်ဘက်လိင် စသဖြင့်
filter တွေ ပါဝင်တယ်။

လူကြိုက်များတာကတော့ ကိုယ့်ရဲ့ မျက်နှာကို ဆန့်ကျင်ဘက်လိင်သဏ္ဌာန်ပြောင်းကြည့်
တာနဲ့ သက်ကြီးရွယ်အိုအရွယ်ရောက်ရင် ဘယ်လိုဖြစ်လာနိုင်ဆိုတာကို ကြည့်ရှုနိုင်တဲ့
filter တွေပါ။ သူ့မှာ ဓာတ်ပုံနှစ်ပုံကို ယှဉ်တွဲပြနိုင်တဲ့ Duo mode နဲ့ လေးပုံအထိ ယှဉ်တွဲ
ပြနိုင်တဲ့ collage တို့ပါဝင်ကာ မတူတဲ့ filter တွေကို တစ်ပြိုင်တည်း ယှဉ်ပြနိုင်သလို
ဆိုရှယ်မီဒီယာတွေကိုလည်း တစ်ချက်နှိပ်ရုံနဲ့ share ပြုလုပ်နိုင်မှာပါ။ Gender ပြောင်းလဲတဲ့
filter ကတော့ collage တစ်မျိုးတည်းမှာသာ ရရှိနိုင်ပြီး ကျန်တာတွေက Duo နဲ့ သာမန်
ဓာတ်ပုံတွေမှာပါ ရရှိနိုင်ပါတယ်။

FaceApp မှာ လေးဒေါ်လာခန့်ပေးရတဲ့ Premium mode လည်းပါဝင်ပြီး ကြော်ငြာတွေ
ဖြုတ်ပေးတာ၊ ဓာတ်ပုံကို processing ပြုလုပ်မှု ပိုမိုလျင်မြန်စေတာ၊ ရေစာဖျက်ပေးတာ
စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ အခမဲ့ပဲ အသုံးပြုမယ်ဆိုရင် အက်ပလီကေးရှင်း
အသုံးပြုသူ များနေတဲ့အချိန်မှာ processing အချိန်ကြာတာတွေဖြစ်နိုင်ပါတယ်။

ဒီအက်ပလီကေးရှင်းကို Android မှာရော iOS မှာပါ ရရှိနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်