Huawei P10 နှင့် P10 Plus စမတ်ဖုန်းများကို ပြည်တွင်းစျေးကွက်၌ စတင်ရောင်းချမည်

Huawei P10 နှင့် P10 Plus စမတ်ဖုန်းများကို ပြည်တွင်းစျေးကွက်၌ စတင်ရောင်းချမည်

ယခုနှစ် ဖေဖော်ဝါရီလက စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် စတင်မိတ်ဆက်ပြသခဲ့သည့် 
Huawei P10 နှင့် P10 Plus စမတ်ဖုန်းများကို မြန်မာပြည်တွင်းစျေးကွက်တွင် ယခုလ ၁ဝ 
ရက်၌စတင်ရောင်းချတော့မည် ဖြစ်ကြောင်းဟွာဝေးကုမ္ပဏီထံမှ သိရသည်။

အဆိုပါ စမတ်ဖုန်းမိတ်ဆက်ပွဲကို ယခုလ ၅ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယခုလ ၁ဝ ရက်
တွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ စတင်ရောင်းချမည်ဖြစ်ကြောင်း၊ စတင်ရောင်းချသည့်
ပထမဦးဆုံးနေ့တွင် လာရောက်ဝယ်ယူသူတိုင်းကို ၂၄ လက်မတီဗီနှင့် Shooting Camera
Box Set တို့ကို လက်ဆောင်ပေးမည်ဖြစ်ကြောင်း၊ P10 Plus ဝယ်ယူသူတိုင်းကို
Leica သားရေအစစ် ဖုန်းကာဗာ၊ P 10 ဝယ်ယူသူတိုင်းကို View Case တို့ ထပ်ဆောင်းပေ
းမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပထမဆုံး လာရောက်ဝယ်ယူသူ ၃ဝ ကို Huawei  A1 Band ကို ပေးအပ်မည်ဖြစ်
သည့်ပြင် ၄င်းတို့အနက် ပထမဦးဆုံးဝယ်ယူသူသုံးဦးကို Surprise Gift အဖြစ် စုစုပေါင်း
ကျပ်နှစ်သိန်းခွဲကျော်တန်ဖိုးရှိ လက်ဆောင်များ ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို P 10 နှင့် P10 Plus စမတ်ဖုန်းများကို နာမည်ကျော် Leica  ကင်မရာကုမ္ပဏီနှင့်
ပူးပေါင်း၍ စမတ်ဖုန်း ဓာတ်ပုံရိုက်ကူးမှုကို ဦးစားပေးထုတ်လုပ်ထားခြင်းဖြစ်ပြီး
ဖုန်းမျက်နှာပြင်နှင့် ဖုန်းအသုံးပြုရာတွင် ထူးခြားအရောင်များကိုခံစားနိုင်ရန်
Pantone Color Institute နှင့်ပူးပေါင်းပြီး စမတ်ဖုန်းများကို အစိမ်းပုပ်ရောင်ဖြင့် ထူးထူး
ခြားခြားထုတ်လုပ်ထားကာ ကြြွေဖူရောင်၊ ရွှေရောင် (အတောက်)၊ ရွှေရောင်(အမှိန်)၊
ခဲနက်ရောင်၊ ရွှေရောင်(နှင်းဆီ) နှင့် ငွေရောင်တို့ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။

ထို့ပြင် ဓာတ်ပုံရိုက်ကူးရာတွင် စတူဒီယို ပုံထွက်အတိုင်း အလင်းအမှောင်ချိန်ပေးနိုင်မှုနှင့်
3D ရုပ်လုံးကြG ပြင်ဆင်ပေးမှုနည်းပညာများပါဝင်သည့်အတွက် လှပသော ဓာတ်ပုံများကို
ထုတ်ပေးနိုင်သည်။ အဆိုပါစမတ်ဖုန်းကို ဘာစီလိုနာမြို့တွင် မိတ်ဆက်စဉ်က p 10 ကို
ယူရိုငွေ ၆၄၉ နှင့် P10 Plus ကို မန်မိုရီအရွယ်အစားအလိုက် ယူရို ၆၉၉ နှင့် ရ၉၉ ဖြင့်
ရောင်းချခဲ့ပြီး ပြည်တွင်းစျေးကွက်တွင် စတင်မိတ်ဆက်ရောင်းချမည့် စျေးနှုန်းကိုမူ မေ ၅
ရက်မှသာ တရားဝင်ထုတ်ပြန်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်