စက်ရုံလုပ်သားများအတွက် ရည်ရွယ်ဖန်တီးထားတဲ့ 'ရွှေဂျော့' အက်ပလီကေးရှင်း

စက်ရုံလုပ်သားများအတွက် ရည်ရွယ်ဖန်တီးထားတဲ့ 'ရွှေဂျော့' အက်ပလီကေးရှင်း

အလုပ်သမားများအတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အပါအဝင် အလုပ်
သမားအခွင့်အရေးများနှင့် သက်ဆိုင်သော ဥပဒေများကို နားလည်လာစေရန် ရည်ရွယ်
ဖန်တီးထားသည့် မိုဘိုင်း အက်ပလီကေးရှင်းတစ်ခုကို စမတ်မြန်မာ စီမံကိန်းက
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် စတင်မိတ်ဆက်ခဲ့ကြောင်း စမတ်မြန်မာက
မေ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ အက်ပလီကေးရှင်းကို ''ရွှေဂျော့ (Shwe Job)'' ဟု အမည်ပေးထားပြီး အလုပ်
သမားများ၏ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဥပဒေနှင့် အခွင့်အရေးများ
နားလည်လာစေရေးအပါအဝင် အက်ပလီကေးရှင်းပါ အကြောင်းအရာများကို
စိတ်ဝင်စားမှုရှိစေရန် ကာတွန်းရုပ်ပုံဇာတ်လမ်းများဖြင့် ဖန်တီးထားပြီး Offline စနစ်ဖြင့်
လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း စမတ်မြန်မာစီမံကိန်း မန်နေဂျာ ဒေါ်စုတာရာလင်းက
ပြောသည်။

''အက်ပလီကေးရှင်းကို အသုံးပြုတဲ့အခါမှာ မပျင်းရအောင် ဇာတ်လမ်းလေးတွေနဲ့ လုပ်
ထားပြီး ကိုယ်ပိုင်ရေးဆွဲထားတဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ ဖန်တီးထားပါတယ်။
နောက်ပြီး အကြောင်းအရာတွေကို ဇာတ်လမ်းလေးတွေနဲ့ ဖော်ပြထားပါတယ်။ အက်ပလီ
ကေးရှင်း အသုံးပြုတဲ့သူတိုင်း အလုပ်သမားအခွင့်အရေးတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေ
အကြောင်းအရာတွေကို နားလည်သဘောပေါက်သွားမယ်၊ ဗဟုသုတတွေရသွားမယ်။
အဲဒီလိုရည်ရွယ်ပြီးတော့ ထုတ်လုပ်ထားတာပါ''ဟု ၄င်းကပြောသည်။

အက်ပလီကေးရှင်းကို မြန်မာဘာသာဖြင့် ထုတ်လုပ်ထားပြီး အန်းဒရွိုက်စနစ်သုံး စမတ်ဖုန်း
များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ဆက်လက်ထုတ်လုပ်မည်
ဖြစ်ကြောင်း၊ အက်ပလီကေးရှင်းကို အလုပ်သမားများထံ မြန်မြန်ရောက်ရှိရန် ပိုစတာများ
ချိတ်ဆွဲပြီး ကြော်ငြာခြင်း၊လက်ကမ်းကြော်ငြာစာစောင်များ ဖြန့်ဝေခြင်းတို့ကို
ဆောင်ရွက်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

''ရွှေဂျော့ အက်ပလီကေးရှင်းကို အလုပ်သမားတွေအတွက် အဓိကရည်ရွယ်ထုတ်လုပ်တာ
ဆိုတော့ အလုပ်သမားတွေက အန်းဒရွိုက်ဖုန်းတွေ ကိုင်တာများတော့ အန်းဒရွိုက်ဖုန်း
အတွက်ပဲ ထုတ်ထားတာပါ။ နောက်ဆက်ပြီးတော့ တချို့မန်နေဂျာတွေက နိုင်ငံခြားသား
တွေဖြစ်တဲ့အတွက် အင်္ဂလိပ်ဗားရှင်းနဲ့ သုံးလို့ရအောင်လည်းထုတ်လုပ်မှာပါ'' ဟု
ဒေါ်စုတာရာလင်းက ပြောသည်။

လက်ရှိတွင် အက်ပလီကေးရှင်းကို မေ ၁ ရက်မှစ၍ ဂူဂဲလ်ပလေးစတိုးတွင် ရယူအသုံးပြု
နိုင်ပြီဖြစ်ပြီး စမတ်မြန်မာစီမံကိန်းသည် အဆိုပါ အက်ပလီကေးရှင်းကို စက်ရုံလုပ်သားများ
အတွက် ရည်ရွယ်ကာ ဥရောပသမဂ္ဂနှင့် GIZ  အဖွဲ့အစည်းတို့၏ရန်ပုံငွေ အထောက်အပံ့
ဖြင့် ဖန်တီးထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်