Free to Play
အမျု-ိးအစား - Action, Multiplayer
ထုတ်လုပ်သူ - Zepto Lab
ပလက်ဖောင်း - Android, iOS
အရွယ်အစား - 34MB
Cut the Rope ဆိုတဲ့ဂိမ်းလေးကို မှတ်မိကြဦးမှာပါ။ ချစ်စရာကောင်းတဲ့ သတ္တဝါလေးရဲ့
ပါးစပ်ဝ တည့်တည့်ကို သကြားလုံးပြုတ်ကျစေဖို့ အချိန်ကိုက် လုပ်ပေးရတဲ့
Puzzle ဂိမ်းလေးဟာ လူကြိုက်အများဆုံး စမတ်ဖုန်း ဂိမ်းတစ်ခုအဖြစ် ကြာမြင့်စွာရပ်တည်
ခဲ့ပါတယ်။
အခု Cut the Rope ကိုထုတ်လုပ်ခဲ့တဲ့ Zepto Lab က သူတို့ရဲ့အမှတ်အသား ချစ်စရာ
ကောင်းတဲ့ ကာတွန်းပုံလေးတွေ အသုံးပြုထားတဲ့ မာလ်တီပလေယာဂိမ်းတစ်ခုကို ထပ်မံ
ထုတ်လုပ်ခဲ့ပြီး စိတ်ဝင်စားစရာထူးခြားတဲ့ စမတ်ဖုန်းဂိမ်းတစ်ခုဖြစ်နေပါတယ်။
CATS: Crush Arena Turbo Stars ဆိုတဲ့ နာမည်ရှည်ရှည်နဲ့ဂိမ်းဟာ ကစားသူအချင်းချင်း
တိုက်ခိုက်ရတဲ့ asynchronousmultiplayer ဂိမ်းအမျိုးအစားပါ။ ရှင်းရှင်းပြောရရင် ကိုယ်က
တခြားကစားသမားတွေနဲ့ တိုက်ခိုက်ကစားဖို့ အွန်လိုင်းတက်ရမှာဖြစ်ပြီး ပြိုင်ဘက်ကတော့
အွန်လိုင်းရှိနေစရာမလိုဘူးဆိုတဲ့ သဘောပါ။
ဂိမ်းရဲ့အခြေခံထားတဲ့အချက်ကတော့ ကြောင်တွေက အရာရာစိုးမိုးထားတဲ့ ကမ္ဘာတစ်ခုမှာ
အကောင်းဆုံး အင်ဂျင်နီယာ တစ်ယောက် (တစ်ကောင်) ဖြစ်ချင်နေတဲ့ ကြောင်ပေါက်လေး
ရဲ့အိပ်မက်ပါပဲ။ သူတို့ရဲ့ကမ္ဘာမှာ ကြောင်တွေဟာ တစ်ကောင်နဲ့တစ်ကောင် အသာရဖို့
battle car လို့ခေါ်တဲ့ ယာဉ်တွေကို ဖန်တီးပြီး အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်ကြပါတယ်။
ဇာတ်လိုက်ကျော် ကြောင်လေးရဲ့ဦးလေး တိုနီက သူ့ကိုတကယ့်ပြိုင်ပွဲတစ်ခုမှာ စာရင်း
သွင်းပေးလိုက်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ လမ်းကြောင်းပေါ် လျှောက်လှမ်းရမှာပါ။
ကစားရတဲ့ပုံက Rank နဲ့ Quick fight ဆိုပြီး နှစ်မျိုးရှိပါမယ်။ quick fight တွေကလေ့ကျင့်ဖို့
စမ်းသပ်ဖို့ဆိုပေမဲ့ အနိုင်ရရင် supply box တွေရမှာဖြစ်ပြီး ကိုယ့်တိုက်ပွဲဝင်ကားကို
အဆင့်မြင့်ဖို့အတွက် ကိရိယာတွေကို ရရှိစေမှာပါ။ Rank မှာ ထုံးစံအတိုင်း တခြားကစား
သမားတွေနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကိုယ့်ရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ကစားသမားရဲ့
profile က သက်သက် level တက်မှာဖြစ်ပါတယ်။ supply box တွေကို အများဆုံး
တစ်ပြိုင်တည်း လေးခုအထိ သိုလှောင်ထားနိုင်ပြီးဖွင့်ဖို့အတွက် ထုံးစံအတိုင်း
unlock နှိပ်ကာ အချိန်စောင့်ရမှာပါ။
ကားတစ်စီးမှာ အစိတ်အပိုင်းလေးမျိုးရှိပြီး ကိုယ်ထည်၊ ဘီး၊ လက်နက်နဲ့ ကိရိယာတို့ဖြစ်ပါ
တယ်။ ကိုယ်ထည်က အခြေခံဖြစ်ပြီး သူ့မှာရှိတဲ့ slot တွေပေါ်မူတည်ကာ ကျန်တာတွေကို
တပ်ဆင်ရမှာပါ။ စိတ်ကြိုက်တပ်ဆင်ပြီးရင်တော့ လွှတ်ပေးရမှာပါ။ တိုက်ပွဲထဲမှာ
ကိုယ့်ကားကို ထိန်းချုပ်လို့မရပါဘူး။ အလိုအလျောက်တိုက်ခိုက်တာပါ။ ဒါမှလည်း
တပ်ဆင်ပြီး အွန်လိုင်းမရှိတဲ့ ကစားသမားတွေနဲ့ တိုက်ခိုက်လို့ရမှာပါ။
Zepto Lab ဟာ Cut the Rope အပြီးမှာ King of Thieves ဂိမ်းနဲ့ အောင်မြင်မှု ထပ်ရှာ
ခဲ့ပေမဲ့ လူကြိုက်အရမ်းမများခဲ့ပါဘူး။ အခု CATS: Crush Arena ကတော့ စိတ်ဝင်စားစရာ
gameplay နဲ့ ချစ်စရာကောင်းတဲ့ ကာရိုက်တာတွေပါဝင်သလို ကစားသူချင်းတိုက်ရိုက်
ယှဉ်ပြိုင်ခိုင်းတဲ့ နောက်ပိုင်းမိုဘိုင်း မာလ်တီပလေယာအထာမျိုးဖြစ်ပါတယ်။ ဒါကြောင့်
cut the rope ပရိသတ်တွေသာမကဘဲ Clash Royale လို ဂိမ်းမျိုးနှစ်သက်ရင်လည်း
စမ်းသပ်ကစားကြည့်သင့်တဲ့ ဂိမ်းတစ်ခုပါ။

















