Mobile Remote Access ဝန်ဆောင်မှု အမ်ပီတီ စတင်

Mobile Remote Access ဝန်ဆောင်မှု အမ်ပီတီ စတင်

ကုမ္ပဏီလုပ်ငန်းများအတွက်ဒေတာများကို မိုဘိုင်းပစ္စည်းအမျိုးမျိုးဖြင့် ချိတ်ဆက်အသုံးပြုနိုင်
မည့် စီးပွားရေးသုံးကွန်ရက်တစ်ခုဖြစ်သော Mobile Remote Access ဝန်ဆောင်မှုကို စတင်
ပေးနေပြီဖြစ်ကြောင်း အမ်ပီတီက ယခုရက်သတ္တပတ်အတွင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါဝန်ဆောင်မှုသည် M2M (Ma-chine to Machine) နှင့် IoT (Internet of Things) 
ဆက်သွယ်ရေးပုံစံဖြစ်ပြီး လုပ်ငန်းအဖွဲ့အစည်းကြီးများ သို့မဟုတ် စီးပွားရေးလုပ်ငန်းများ၏
အသေးစားရုံးခန်းများ (ရုံးခွဲများ) သို့မဟုတ် နေအိမ်များအထိပါ တိုးချဲ့အသုံးပြုနိုင်သည်ဟု
ဆိုသည်။

ထို့အပြင် ATM စက်များ၊ လက်လီအရောင်းဆိုင်များ၏ သတင်းအချက်အလက်များကို
ထိန်းချုပ်ပေးပြီး ဆင်းကတ်ထည့်သွင်းအသုံးပြုနိုင်သည့် ပစ္စည်းများနှင့် မိုဘိုင်း Hotspots 
ကဲ့သို့သော စက်ပစ္စည်းများဖြင့်လည်း ကုမ္ပဏီ၏ ကွန်ရက်များကို ဝင်ရောက်ချိတ်ဆက်နိုင်
မည့် ဝန်ဆောင်မှုဖြစ်သည်။

ယင်းဝန်ဆောင်မှုကို အမ်ပီတီ၏ကွန်ရက်ပေါ်တွင် ထိန်းသိမ်းပေးမည်ဟု ထုတ်ပြန်ချက်
တွင် ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်