မြင်ကွင်းနှစ်ဆရိုက်ကူးနိုင်သော Group Selfie ကင်မရာပါဝင်သည့် oppo F3 စမတ်ဖုန်း

မြင်ကွင်းနှစ်ဆရိုက်ကူးနိုင်သော Group Selfie ကင်မရာပါဝင်သည့် oppo F3 စမတ်ဖုန်း

တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အော်ပို (oppo) 
သည် မြင်ကွင်းကျယ်အတွင်း အဖွဲ့လိုက်ဆဲလ်ဖီရိုက်ကူးနိုင်သည့် (Double View Group 
Selfie) ကင်မရာ ပါဝင်လာသော oppo F3 စမတ်ဖုန်းကို ပြည်တွင်းစျေးကွက်အတွက် 
မေ ၄ ရက်က မိတ်ဆက်ခဲ့သည်။

အဆိုပါဖုန်းတွင် ရှေ့ကင်မရာ ၁၆ မဂ္ဂါပစ်ဇယ်နှင့် ရှစ်မဂ္ဂါပစ်ဇယ် ကင်မရာနှစ်ခုပါဝင်သည့်
အတွက် ဆဲလ်ဖီရိုက်ရာတွင် အဖွဲ့လိုက်မြင်ကွင်းကျယ်အတွင်း ဆဲလ်ဖီဓာတ်ပုံများ ရိုက်နိုင်
သည့်အပြင် နောက်ကင်မရာ ၁၃မဂ္ဂါပစ်ဇယ်ကိုလည်း အသုံးပြုထားသည်။

စမတ်ဖုန်းမျက်နှာပြင် အရွယ်အစား ၅ ဒသမ ၅ လက်မရှိပြီး RAM 4GB နှင့် Internal
memory 64 GB ပါဝင်ကာ မန်မိုရီ 128 GB အထိ ထပ်တိုးအသုံးပြုနိုင်ပြီး အန်းဒရွိုက်
6.0 (Marshmallow) ဖြစ်သည်။

ထို့ပြင် 4G ဂျီအက်စ်အမ်ဆင်းကတ် နှစ်ကတ်တစ်ပြိုင်တည်း အသုံးပြုနိုင်သည့်အပြင်
microSD ကတ်အသုံးပြုနိုင်သည့် Slot တစ်ခုပါဝင်သည်။ ယင်းဖုန်းကို မေ ၉ ရက်မှ
စ၍ ပြည်တွင်းစျေးကွက်တွင် ကြိုတင်မှာယူစနစ်ဖြင့် ဝယ်ယူနိုင်ပြီး ရွှေရောင်တစ်မျိုး
သာဝင်ရောက်မည်ဖြစ်ရာ ကျပ် ၄၁၉,ဝဝဝ ဖြင့် ရောင်းချမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်