ဒုတိယမျိုးဆက်သစ် Leica Dual ကင်မရာတပ်ဆင်ထားပြီး နည်းပညာအသစ်များ ပါဝင်
လာသည့် Huawei P10 နှင့် P10 Plus စမတ်ဖုန်းကို တရုတ်နိုင်ငံအခြေစိုက် ဟွားဝေး
နည်းပညာကုမ္ပဏီက မေ ၅ ရက်တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌မိတ်ဆက်ပေးခဲ့သည်။
အဆိုပါစမတ်ဖုန်းကို ပါးလွှာသောဒီဇိုင်းဖြင့် ဖန်တီးထားပြီး မှန်တွင်းလက်ဗွေစနစ်
(Underglass Fingerprint Sensor)၊ ဖုန်းအားသွင်းရာတွင် လုံခြံုစိတ်ချမှုရှိပြီး လျင်မြန်စွာ
အားဖြည့်သွင်းနိုင်မည့် နည်းပညာများ ပါဝင်သည်။
ကင်မရာကို အသားပေးထုတ်လုပ်ထားသည့် P10 နှင့် P10 Plus ဖုန်းများတွင် ရှေ့ကင်မရာ
8MP နှင့် နောက်ကင်မရာ 20MP ကိုအသုံးပြုထားပြီး Leica Dual ကင်မရာ ၂ ဒသမ ဝ ကို
ထည့်သွင်းထားသည့်အတွက် ဓာတ်ပုံရိုက်ရာတွင် ရုပ်ထွက်ကြည်လင်စေပြီး 20MP ၊ 12MP
ကင်မရာများနှင့် နှစ်ဆအထိ ချဲ့ထွင်ရိုက်ကူးနိုင်သည့် Hybrid zoom ပါဝင်သည်။
ဓာတ်ပုံရိုက်ရာတွင် လက်တုန်ခြင်းကိုကာကွယ်ပေးနိုင်ခြင်း၊ အလင်းအားနည်းသည့်
နေရာများတွင် ရိုက်ကူးနိုင်သော နည်းပညာများပါဝင်သည်။ selfie ကောင်းမွန်စွာရိုက်ကူး
နိုင်ရန် f/1.9 အပါချာပါဝင်ပြီး အလင်းနှစ်ဆ ဖမ်းယူရိုက်ကူးနိုင်သော မျိုးဆက်သစ်
အာရုံခံကိရိယာပါဝင်သည့်အပြင် စစ်မှန်သော အဖြူအမည်းဓာတ်ပုံများကို Bokeh
ရိုက်ချက်များဖြင့် ရိုက်ကူးနိုင်မည့် Monochorome Bokeh နည်းပညာ ပါဝင်သည်။
P10 ၏ မျက်နှာပြင်သည် ၅ ဒသမ ၁ လက်မအရွယ်အစားရှိပြီး P10 Plus မှာ ၅ ဒသမ
၅ လက်မ အရွယ်အစားရှိကာ အန်းဒရွိုက်ဗားရှင်း ရ ဒသမ ဝ ကို သုံးထားသည်။ ထို့ပြင်
4GB RAM နှင့် Internal memory 64 GB ပါဝင်သည်။ P10 တွင် သိပ်သည်းဆမြင့်မား
သော 3200mAh ဘက်ထရီကိုသုံးထားပြီး P10 Plus တွင်မူ 3750 mAh ဘက်ထရီကို
အသုံးပြုထားသည်။ ဖုန်းအားသွင်းရာတွင် ဗို့အားအနည်းငယ် အသုံးပြုပြီး အားသွင်းရာတွင်
ဖုန်းပူခြင်းကို လျှော့ချပေးနိုင်သည့် Huawei Super Charge နည်းပညာကို အသုံးပြုထာ
းသည်။
အဆိုပါ P10 ဖုန်းကို စျေးကွက်တွင် Prestige Gold၊ Graphite Black နှင့် Dazzling Blue
အရောင်များရွေးချယ်ဝယ်ယူနိုင်ပြီး P10 Plus ကိုမူ Dazzling Gold အရောင်တစ်မျိုးသာ
ဝယ်ယူနိုင်မည်ဖြစ်ရာ P10 ကို ရ၉၉,ဝဝဝ ကျပ်ဖြင့်လည်းကောင်း P10 Plus ကို
၉၉၉,ဝဝဝ ကျပ်ဖြင့်လည်းကောင်း ရောင်းချမည်ဖြစ်သည်။
အဆိုပါ P10 နှင့် P10 Plus ဖုန်းများကို ရန်ကုန်မြို့ရှိ မြန်မာပလာဇာနှင့် မန္တလေးမြို့ရှိ
ှုSkywalk ရှော့ပင်းမောတွင် မေ ၁ဝ ရက်မှစတင်ကာ ရောင်းချနေပြီဖြစ်သည်။

















